Part 16 (True love)

2.4K 147 7
                                    

Zawgyi

My Ex bf is flirting me back (part 16)
"""""""""""""""""""""""""

ရှောင်ကျန့် အမေဆီကပြန်လာတော့
ဝမ်ရိပေါ်က သူ့အမေဆီ သွားလည်ချင်စိတ်
40% လောက်ပဲရှိပြီး အရမ်းမသွားချင်ပေမယ့်

သူသာမသွားရင် သူ့ရဲ့ကောက
သူ့ကို အသေသတ်လိမ့်မယ်

ဘာလို့လဲ?????

အဲ့နေ့ညက  ရိပေါ်တို့ရဲ့ အချစ်ခရီးက
နေထွက်ခါလုနီးပါးအထိ သွားခဲ့ကြတာမို့
ကြေးကြီးတယ်လေ

ဆိုတော့   ဒီမနက်မှာပဲ
ကျန့်ကောကိုခေါ်ပြီး  ရိပေါ်တို့ရဲ့
မိဘအိမ်ကိုသွားခဲ့တယ်

ရိပေါ်ရဲ့မျက်နှာက သူ့အဖေနဲ့ အမေရှေ့မှာတောင်
အကြွေးရှင်ရုပ်ဖြစ်နေလို့
ရှောင်ကျန့်မှာ ခဏခဏ ဗိုက်ကိုလိမ်ဆွဲပြီး
မနည်းပြုံးခိုင်းရတယ်

ဝမ်ရိပေါ်ရဲ့ဗိုက်က
Six Pack ကြီးနဲ့ဆိုတော့
ရှောင်ကျန့်မှာ တစ်ခါတစ်လေ ရင်တွေတောင်ခုန်တယ်။

လူတိုင်းက မိဘမေတ္တာကိုရရင်
လိုချင်ကြတာပဲလေ

ရိပေါ် အစကတော့ခပ်တန်းတန်းပေမယ့်
နောက်ကျတော့ သားအမိသုံးယောက်
ဖက်ပြီးငိုနေကြတာမို့
ရှောင်ကျန့်လည်း  ဒီအတိုင်းထိုင်နေရင်
မကောင်းတာကြောင့်
အတူရောပြီး  စိတ်မကောင်းဖြစ်ဟန်
ဆောင်လိုက်ရတယ်

လူ့ဘဝမှာနေရင်  လူမှုရေးလေးတော့
ပိုင်မှပေါ့။

ထိုနေ့ပြီးကတည်းက ရိပေါ်ခင်ဗျာ
ကြားထဲက ခွင့်ရက်တွေအစား
အလုပ်ပိုလုပ်နေရတာမို့

သူ့ကျန့်ကောကော အနားမကပ်ရတာလည်း
တော်တော်ကြာနေပြီ
နှစ်ရက်လောက်ရှိပြီ

တစ်ခါတစ်လေ ရိပေါ်သူ့ရဲ့
အမေနဲ့အဖေကို စိတ်ဆိုးတယ်

ဘာလို့ ကလေးထပ်မယူကြတာလဲမသိဘူး
အခုတော့ရှိသမျှ
Wang  နဲ့ပတ်သတ်သမျှအကုန်လုံး
ဒီဝမ်ရိပေါ်ရဲ့ ခေါင်းပေါ်ရောက်လာမယ်လို့
မြင်ယောင်နေတယ်

ဘေးနားက ဆိုဖာနေရာလေးက
အိကျသွားတာမို့  သူ့ကျန့်ကောဆိုတာသိလိုက်တယ်

ရိပေါကပဲ အလုပ်တွေများနေတာပါ
သူ့ရဲ့ကောကတော့ ပုံမှန်အလုပ်ချိန်ပါပဲ

Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်Donde viven las historias. Descúbrelo ahora