My Ex! is flirting me back(part 7)
::::::::::::::::::::::::::::::::::::::::::::
ရိပေါ်တစ်ယောက် ညနေကျရင်
သူ့ကောကို သွားကြိုရမှာကြောင့် အလုပ်တွေကို
စောစောပြီးအောင် ဖိလုပ်နေရတယ်
လုပ်ငန်းတွေလုပ်ရတာကလဲ မလွယ်ကူလှဘူး
ရော့ အင့် ဆိုပြီး လက်မှတ်လေးပါရင် ပြီးရောဆိုပြီး
လုပ်လို့မရ
စာရွက်စာတမ်းတွေကိုသေချာဖတ်
ချက်ချင်းဆောင်ရွက်ရမှာတွေကိုချက်ချင်းလုပ်
သိပ်မရေးမကြီးတာတွေကို နောက်ရွေ့
ဆုံးဖြတ်မှားသွားမှာစိုးလို့ စိတ်ကိုအရင်
ငြိမ်အောင်ထားရသေးတယ်
စွကျိုးနည်းလောကကြီး!!!!
ရိပေါ်က.. အနာဂတ်မှာ ချစ်ရသူနဲ့ ..
အေးချမ်းသာယာတဲ့နေရာမှာ တစ်ထပ်အိမ်လေးနဲ့
ပန်းပင်လေးတွေစိုက်.. တစ်နေ့လုံးအီစီကလီလုပ်..
တစ်နေ့တာကို ပုံမှန်လေးကျော်ဖြတ်ချင်တာ
အခုတော့...
မျက်စိရှေ့ အလုပ်တွေကိုကြည့်ရင်းနဲ့ငိုချင်လာတယ်
အလုပ်လုပ်ရတာကလဲပင်ပန်း...
ကျန့်ကောကလဲ သူ့ကိုအခုထိစိတ်ဆိုးနေတုန်းပဲ
အဲ့လိုစိတ်ဆိုးအောင် သူကပဲလုပ်ခဲ့တာဆိုတော့...
ပြဿနာကို မီးခွက်ထွန်းရှာမိတာပဲ
ဘယ်လိုစိတ်ပျက်စရာကောင်းတဲ့ဘဝကြီးလဲ..
ကဲ ကဲ ကဲ အတွေးတွေလျော့
အလုပ်တွေလုပ်.. အနာဂတ်ယောကျာ်းအတွက်..
စောစောပြန်ရမယ်
~~~~~~~~~
ရှောင်ကျန့်လဲ သူ့company မှာပဲ
order တွေလက်ခံလိုက် အကြံပေးလိုက်
စီးပွားရေး မြူစွယ်လိုက်နဲ့ သံသရာလည်နေတယ်
"မဒမ် အဲ့ဒါဆို ငွေပမာဏ ၃ပုံ ၂ပုံကို
အရင်ချေထားရပါမယ်"
"ကောင်းပါပြီ အဲ့ဒါဆိုလိပ်စာလဲပေးပြီးပြီဆိုတော့
ပြန်လိုက်ပါဦးမယ် အိမ်လေးကိုအပ်ပါတယ်နော်"
"မပူပါနဲ့ လူကြီးမင်းတို့စိတ်တိုင်းကျလုပ်ပေးပါ့မယ်"
"ဟုတ်ကဲ့ပါ ခွင့်ပြုပါဦး"
customer ထွက်သွားမှ
"ကျန်းချန် ဒီအိမ်ကိုတော့ ငါတာဝန်ယူလိုက်မယ်
ငါလည်းအလုပ်တွေပြန်လုပ်ရမယ်လေ ဟဲဟဲ"
BẠN ĐANG ĐỌC
Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်
Fanfictionခင်ဗျားကြီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan ခင္ဗ်ားႀကီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan Pic crd 2nd creation
