Zawgyi
My Ex is flirting me back ( part 15)
***********************လေတွေခက်ထန်ပြီး ချမ်းအေးလွန်းတဲ့
ဆောင်းရာသီကြီးပြီးသွားတော့
လွမ်းရင်းကျန်နေရဦးမယ်ဆိုပေမယ့်
အချိန်တန်ရင် ရာသီစက်ဝန်းတွေက
တစ်ပတ်ပြန်လှည့်လာမှာဆိုတော့ကားရွက်ဟောင်းကြွေ ရွက်သစ်ဝေ
နွေဦးကို အရယ်အပြုံးနဲ့ပဲ ကြိုဆိုမယ်ရှောင်ကျန့်က အမြဲတမ်း ဒီလိုအချိန်ဆို သူ့အမေဆီ
ပြန်နေကြ၊ ကိုယ့်ဘဝမှာ အဖေမရှိတဲ့နောက်
အားငယ်မယ်မထင်လိုက်နဲ့အမေက ရှောင်ကျန့်ကို မျက်နှာမငယ်အောင်
ကျောင်းမှာဆိုလည်း အများတန်းတူ
နေနိုင်စားနိုင်အောင် သူမဟာ
ယောကျာ်းတွေနဲ့ ရင်ဘောင်တန်းပြီး
အလုပ်ကို ကြိုးစားလုပ်ခဲ့ရသည်ရှောင်ကျန့်အလုပ်ဝင်တော့လည်း
သူမသည် လက်ရှိအလုပ်မှာပင် ပျော်ရွှင်နေတာမို့
ရှောင်ကျန့်ကပင် ပိုက်ဆံထောက်ပံ့ပါ့မယ်
အလုပ်တွေမလုပ်ပါနဲ့တော့လို့ ပြောခဲ့တာတောင်မှ
ပလစ်ခံလိုက်ရသည်မိဘတွေကလည်း မာနလေးတော့ရှိကြတယ်
အဲ့တော့လည်း ရှောင်ကျန့်က တစ်နှစ်တစ်ခါ
နွေရာသီရောက်တိုင်း သူမထံ အလည်သွားလေ့ရှိသည်။
နောက်ပြီး သူမကိုလည်း bank card တစ်ခုပေးထားကာ လိုချင်တာသုံးလို့ရအောင်
ကြံသလိုငွေထည့်ပေးပေမယ့်
အခုထိ တစ်ပြားမှမလျော့သေးသားတစ်ယောက်ဖြစ်ရတာ ဝမ်းနည်းသင့်ပြီ
ဒီတစ်ခေါက်အလည်သွားတာကတော့
သားမက်ကိုပါ အပါခေါ်လာခဲ့သည်။သူမက အရင်ကတည်းကသိပြီးသားဆိုတော့
ကန့်ကွက်မည်မဟုတ်ရိပေါ်ရဲ့ မိဘတွေဘက်ကလည်း
မီးစိမ်းပြပြီးသွားပြီဆိုတော့ရှောင်ကျန့်နဲ့ ဝမ်ရိပေါ်တို့ရဲ့
အချစ်ခရီးလမ်းကတော့ ဆီသုတ်ထားသလို
ချောနေတော့တာပဲအတိတ်ဘဝက ကုသိုလ်ကောင်းမှုတွေ
အများကြီးလုပ်ခဲ့လို့နေမယ် ဟားးးးးးကြည့်ရတာ စိတ်လွတ်ပြီး အသံထွက်ရယ်မိသွားလို့ထင်တယ်
ဘေးက ရိပေါ် က ကားမောင်းရင်းလှည့်ကြည့်လာတယ်

YOU ARE READING
Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်
Fanfictionခင်ဗျားကြီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan ခင္ဗ်ားႀကီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan Pic crd 2nd creation