My Ex! is flirting me back(part 9)
::::::::::::::::::::::::::::::::::::::::::::ဒီနေ့ရုံးပိတ်ရက်ပဲ.....
ရိပေါ်တစ်ယောက်
ရှောင်ကျန့်ရဲ့ တိုက်ခန်းမှာပဲသောင်တင်နေတာ
တစ်ပတ်လောက်ရှိပြီသူ့အခန်းက အခုလောက်ဆိုဖုန်တက်လောက်ပြီ
ဖုန်တက်လည်းတက်ပါစေပေါ့
အချစ်မရှိတဲ့နေရာက ဖုန်တက်မှာပဲ"ကောရေ ဗိုက်ဆာတယ်"
"ရိပေါ်.. မင်းလူကောဟုတ်ရဲ့လား
ခုဏကတင် ဟမ်ဘာဂါကြီးတစ်ခုလုံး မြိုစို့ထားတာလေ"ဘေးမှာထိုင်နေတဲ့ ရည်းစားတစ်ယောက်လုံးကိုတောင် ..စားမလားလို့.. တစ်စက်မှလှည့်မမေးတာကိုတော့ ထည့်မပြောတော့ဘူး
"ကောက ငြိုငြင်တာလား????"
ရှောင်ကျန့်လေးရဲ့ဘဝက ကလေးလိုလိုခွေးလိုလို
ကောင်လေးကို ရည်းစားတော်ထားရသလိုပဲ ..
ကိုယ်ကချွဲရမလားမှတ်တယ် သူကြီးပဲချွဲနေတာပဲအသက်လေး ၆နှစ်ပဲကွာတာကို ဟွန့်
"ဘာလဲ မကျွေးချင်တော့ဘူးမလား...
ရပါတယ်လေ ကိုယ့်အခန်းပဲပြန်တော့မယ်"ရိပေါ်တစ်ယောက်
မျက်နှာငယ်လေးနဲ့ ဖင်လေးကြွရုံရှိသေး"ဘယ်သူက မကျွေးဘူးပြောလဲ
အခုချက်ချင်းပြန်ထိုင်လိုက်စမ်း""ဟုတ်"
ဝမ်ရိပေါ်တို့က တစ်ခါတစ်လေဆို
တစ်ခွန်းထဲပဲ (တစ်ခါတစ်လေ)ရှောင်ကျန့်ကတော့ မီးဖိုချောင်ထဲသွားပြီး
တဒုန်းဒုန်းတဒိုင်းဒိုင်းနဲ့ ချက်နေတော့တာပဲရိပေါ်ကတော့ တော်တော်မျှော်လင့်ထားတယ်
သူ့ကောလက်ရာက အရမ်းကောင်းတယ်..
ဒီလောက်အသံတွေထွက်နေပုံရရင်
ဒါတော်တော်ကြီးမားတဲ့ ဟင်းပွဲကိုလုပ်နေလားပဲ..ဟာ... ထွက်လာပြီ! ထွက်လာပြီ!
အိုးကအကြီးကြီးပဲဟော့ပေါ့များလားမသိဘူး!!
"ရော့စားလို့ရပြီ"
စားပွဲပေါ်ကအိုးကြီးက
"ဟင် ခေါက်ဆွဲပြုတ်ကြီး"
"စားကြည့်လိုက်စမ်းပါ...
ရှိသမျှဆွေမျိုးတွေအကုန်မေ့ပြီး ငါ့ကိုပဲသတိရနေစေရမယ်"

CZYTASZ
Completed(ငါ့ရည်းစားဟောင်းက ပြန်လိုက်နေတယ်(Z+U)ငါ့ရည်းစားဟောင်းကပြန်လိုက်နေတယ်
Fanfictionခင်ဗျားကြီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan ခင္ဗ်ားႀကီးကို ခဏတော့အပြစ်ပေးဦးမယ် ဒါပေမယ့် ဝဋ်လည်တာမြန်လိုက်တာ... မသိဘူး.. သွား.. အခုမှလာမချော့နဲ့.... Yizhan Pic crd 2nd creation