Chapter 32

2K 354 3
                                    

သူမကစားတဲ့အကွက်နဲ့ သူမကို ပြန်ကစားရမယ်

ကောင်းကျွင်းဖိန်း ရှဲ့ချီပေါင်ရဲ့ ရေးကြီးခွင်ကျယ်လုပ်တတ်တဲ့အကျင့်တွေကိုသိပြီးသား ဖြစ်တာကြောင့် စိတ်ညစ်ညစ်နဲ့ "ဘာတွေကြီးကြီးကျယ်ကျယ် ဖြစ်လာရပြန်တာလဲ? မင်းမိန်းမချောလေးနဲ့ သာယာနေတာမဟုတ်ဘူးလား? ယိုး.. မင်းပဲ ခုနက ကောင်မလေးနဲ့ အချစ်ဇာတ်ခင်းနေတာမဟုတ်လား, haha  ...."

ရှဲ့ချီပေါင် ဆဲလိုက်တယ် "ဘယ်က အချစ်ဇာတ်လမ်းခင်းရမှာလဲ! အဲ့ဒါနှာဘူးမကြီးဗျ!"

ကောင်းကျွင်းဖိန်း 'နှာဘူး' ဆိုတာကို ကြားလိုက်ရတော့ စိတ်လှုပ်ရှားသွားကာ "အာ? ဘယ်လိုနှာဘူးလဲ? ဘယ်လောက်ထိတောင်ဘူးတာလဲ?
မင်းကို ကိုယ်ထိလက်ရောက် ကျူးလွန်သွားသေးလား? "

ရှဲ့ချီပေါင် စိတ်ဆိုးလွန်းလို့ သွေးတောင်အန်ချင်သွားတယ်!

ရှဲ့ချီပေါင် အခုလို တိတ်ဆိတ်သွားတာမျိုးက ရှားလွန်းတာကြောင့် ကောင်းကျွင်းဖိန်း ဝမ်းသာအားရထပ်ပြောလိုက်တယ် "Ok Ok ဘယ်လိုအရာကများ မင်းအတွက် အရေးကြီးနိုင်ရတာလဲ ? အခန်းပြန်ရောက်ရင်ပြောပြ!"

ဖုန်းမချသေးခင် ရှဲ့ချီပေါင် အလောတကြီး ထပ်မေးလိုက်တယ်။ "ချီ Bro အခန်းထဲမှာရှိလား?"

ကောင်းကျွင်းဖိန်းအခန်းကို ရှိုးလိုက်တော့လင်ခယ်တစ်ယောက်တည်းကိုပဲမြင်လိုက်တာကြောင့် "မရှိဘူး"

လင်ခယ် ရေသောက်နေရင်း "ရှဲ့ချီပေါင်လား?"

ကောင်းကျွင်းဖိန်း ဖုန်းကိုခုံပေါ်ပစ်တင်လိုက်ရင်း "ဟုတ်တယ် ဒီလောက်အာပြဲနေတာ ဘယ်သူရှိနိုင်ဦးမှာလဲ "

လင်ခယ်ရေချိုးခန်းထဲဝင်သွားပြီးတဲ့နောက် ခဏကြာတော့ တံခါးဖွင့်သံကြားလိုက်ရတယ်။
ရှဲ့ချီပေါင်ပြန်ရောက်လာပြီ။

"ကောင်း Bro!"
ရှဲ့ချီပေါင်ဝင်ဝင်လာချင်းပဲ အားရင်းပေါင်ရင်း သန်သန်နဲ့ အော်ခေါ်လိုက်တယ်။
"ကျွန်တော် အခုလေးတင်ပဲ နှာဘူးအကြီးစားကြီးနဲ့ တွေ့လာတာဗျ။ သူကလေ ကျွန်တော့်ကို Onlineက ရှားပါးရတနာလေးတွေအကြောင်း လည်းမေးတယ်။ ပြီးတော့ ကျွန်တော်က အဲ့post တင်တဲ့သူလားလို့လည်းမေးသေးတယ်။ မဟုတ်ဘူးဆိုတော့ ချီbro ရဲ့ ပစ္စည်းတွေကို ရောင်းပေးဖို့ ပြောတော့တာပဲ။
ဟို.. ခွက်တွေ.. တဘက်တွေဗျာ.. အတွင်းခံတောင်ပါသေးတယ်။ ဒီမှာ ပိုက်ဆံတွေလည်း အများကြီး ပေးလိုက်တယ်!"

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationNơi câu chuyện tồn tại. Hãy khám phá bây giờ