[ZG] Chapter 26

532 109 0
                                    

Chapter 26

အခုတလော ချီဖုန့် သီချင်းအတွက် လုံးပန်းနေရတာကြောင့် အမြဲတမ်းအိပ်ယာဝင် နောက်ကျတယ်။ အတန်းထဲမှာ နောက်ဆုံးချိန်လောက်ဆို အိပ်ပျော်တဲ့အဆင့်ထိရောက်သွားပြီ။ ဒါကြောင့် ဒီရက်ပိုင်း လင်ခယ်ကပဲ အမြဲစာတွေကူလုပ်ပေးရင်း ဘေးနားကနေ စောင့်ကြည့်ပေးနေရတယ်။

မိန်းကလေးအချို့ကတော့ ဒီအခြေအနေကြီးကို တအား သဘောကျနေမှာကို လင်ခယ်သိနေတယ်။

နှစ်လနီးပါး ဒီလိုအခြေအနေတွေအများကြီး ဖြတ်ကျော်လာခဲ့ရတာတောင် လင်ခယ်အတွက် အသားမကျသေးဘူး။ ဒီလို စတာနောက်တာတွေကို ဘယ်လိုတုန့်ပြန်ရမလဲ မသိသေးဘူး။

ချီဖုန့်ကတော့သူနဲ့တခြားစီ။ ဒီလိုစကားတွေကြားရတဲ့အခါတိုင်း ပြုံးပြုံးကြီးလုပ်ကာ "ငါတို့အခုတွဲနေကြပြီလေ မဟုတ်ဘူးလား" ဆိုပြီး စနောက်တတ်တယ်။
ဒီလိုအချိန်တိုင်း လင်ခယ်ဘက်ကတော့ ပြန်ပြောစရာ နတ္ထိ။

သူတို့နှစ်ယောက်နီးနီးကပ်ကပ်ရှိနေတိုင်း မိန်းကလေးတွေဆီကနေ အသည်းယားလွန်းလို့ အော်ဟစ်နေကြတဲ့အသံတွေ ကြားကြားနေရတယ်။

ချီဖုန့်ရဲ့ ပြန်တုံ့ပြန်တဲ့စကားတွေကိုလည်း သူအထပ်ထပ်အခါခါ ကြားနေကျ။ အဲ့လိုစကားမျိုးကြားလိုက်ရတဲ့အကြိမ်တိုင်း သူ့ရင်ခုန်သံတွေက အဆမတန်ကျယ်လောင်လာတတ်တယ်။ ဘယ်အခါမှ သူအသားကျမှာလဲ။

နောက်ဆုံးသူနားလည်လိုက်ရပါပြီ။
မိန်းကလေးတွေက ဒီလိုချိုမြိန်နေတဲ့စကားတွေဟာ ချီဖုန့် ပါးစပ်က လျှောက်ပြောနေမှန်းသိနေလျက်နဲ့တောင် ကြားရတဲ့အကြိမ်တိုင်းမှာ ဘာလို့အူတွေအသည်းတွေယားတတ်ကြတာလဲ ဆိုတာကို...
သူ့ရင်ခုန်သံတွေလို အသားမကျနိုင်တာပေါ့....

ဒီနေ့ အတန်းပြီးတဲ့အခါ လင်ခယ်နဲ့ ချီဖုန့် စန္ဒယားခန်းဆီလာခဲ့ကြတယ်။

ချီဖုန့် ပြန်လည်ဖန်တီးထားတဲ့ သံစဉ်ကို ဒီတစ်ပတ်လုံး သူတို့အသားကျအောင်တီးနေခဲ့ကြတယ်။ ပြင်တယ်။ တီးကြည့်တယ်။ ညှိကြတယ်။ ထပ်ခါထပ်ခါ ပြန်တီးကြပြန်တယ်။ ဒီလိုနဲ့ပဲ သူတို့နှစ်ယောက် စိတ်တိုင်းကျတဲ့ သံစဉ်တစ်ခုကို ဖန်တီးနိုင်ခဲ့ကြတယ်။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationOù les histoires vivent. Découvrez maintenant