Chapter 31

2.4K 381 11
                                    

အရာရာတိုင်းကို လိုချင်တယ်

လူတွေအားလုံး ထွက်သွားကြတဲ့အခါ သူတို့လည်း လုပ်စရာရှိတာ ဆက်လုပ်နေခဲ့ကြတယ်။

နောက်ကျနေပြီဖြစ်တဲ့အတွက် ချီဖုန့် ရေချိုးဖို့လုပ်လိုက်တယ်။

လင်ခယ်ကတော့ ပင်ပန်းလို့ အိပ်ယာထဲရောက်နေပြီ။
ပိုပြီးလုံခြုံသွားအောင် ထောင့်နားကိုကပ်လိုက်ကာ ဖုန်းကိုဖွင့်လိုက်ပြီး ဓာတ်ပုံတွေကို ဖွင့်ကြည့်နေလိုက်တယ်။

ကောင်းကျွင်းဖိန်း တင်ထားတဲ့ပုံက တစ်ကယ်ကိုပဲ။
သူချဲ့ပြီး သေချာကြည့်လိုက်တယ်။

ချီဖုန့်နမ်းနေတဲ့အချိန် တကယ်ကြီး သူပြုံးနေခဲ့တာပဲ။

လက်တစ်ဖက်က ဝတ်ဝံရုပ်လေးကို ပိုက်ထားကာ ကျန်တစ်ဖက်မှာတော့ နှင်းဆီပန်းစည်းကို ပိုက်ထားတယ်။ မျက်ဝန်းတွေက ကြည်နူးနေခဲ့ပြီး နှုတ်ခမ်းတစ်စုံကတော့ ပြုံးနေခဲ့တယ်။

ဒီလိုချိုချိုသာသာလေး ပြုံးတတ်လိမ့်မယ်လို့ သူကိုယ်တိုင်တောင် မသိခဲ့ဘူး။
ပြီးတော့ ချီဖုန့်က သူ့ကို လက်မောင်းကနေ ဖက်ပြီး စင်အောက်ကို ဆင်းသွားခဲ့တာတဲ့လား။

သူတို့စင်ပေါ်ကနေ ပျောက်သွားတဲ့အထိ video ထဲမှာ ပါနေခဲ့တာဆိုတော့ ဒါတွေက အမှန်တရားတွေပဲ။

လင်ခယ်ကတော့ ဒီလိုဖြစ်ပျက်သွားမှန်း သိတောင်မသိလိုက်ရတာအမှန်ပဲ။
အဲ့ဒီ စက္ကန့် 30 လောက်က သူဝိဉာဉ်လွင့်နေသလိုပဲ။ သူ အရူးတစ်ယောက်လို ချီဖုန့်ပြုသမျှ နုခဲ့ရတာလား။ အဲ့ဒီအချိန်လေးအတွင်းမှာလေ...

သူဖုန်းထဲ အာရုံရောက်နေစဉ်မှာ အညိုရောင် အရုပ်လေးတစ်ခု ပျံသွားတာမြင်လိုက်ရတယ်။
လင်ခယ် လန့်သွားပြီး ဖုန်းကို ပိတ်ချလိုက်တယ်။

.....

အော် ဟိုဝက်ဝံရုပ်လေး။ ချီဖုန့်က အရုပ်ကိုအပေါ်အရင်ပစ်တင်ပြီး လူကနောက်မှ လှေကားကနေ တက်လာနေတယ်။

"မင်း....."
လင်ခယ်ပြောသင့်မပြောသင့်စဉ်းစားလိုက်ပြီးမှ " ဒီအရုပ်ကို အိပ်ယာဘေးမှာ ထားမလို့လား?"

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationDonde viven las historias. Descúbrelo ahora