လင်ခယ် ဘယ်လိုပြန်ပြောသင့်လဲ မသိတော့ဘူး။ ဒီလိုကိစ္စမျိုးက Straight တစ်ယောက် အနေနဲ့ဆိုရင် သေချာပေါက် စိတ်အနှောင့်အယှက်ဖြစ်ရမှာပဲလေ။ ဒါကြောင့်သူလည်း ဒီိကိစ္စကြောင့် စိတ်မကြည်တဲ့ပုံ ဖမ်းလိုက်ထားတယ်။လင်ခယ် တစ်ယောက် ငြိမ်နေတော့ ချီဖုန့်က ဆက်ပြီး ဖျောင်းဖျတယ်။
" တကယ်တော့ ဒါက စိတ်အနှောင့်အယှက်ဖြစ်စရာ မလိုပါဘူး။ ဒီအတိုင်း လစ်လျူရှုထားတာ အကောင်းဆုံးပဲ။"လင်ခယ် ဒီတိုင်း ငေးနေမိဆဲ....Eh?
ချီဖုန့် ကဆက်ပြောတယ်။
" ပုံတွေက တင်ပြီးနေပြီ...
မင်းအနေနဲ့ သူတို့ ဆက်မပြောအောင် ဘာမှလုပ်လို့မရတော့ဘူးလေ။ "လင်ခယ် ကြောင်အမ်းနေဆဲ....
ဘာလို့ ချီဖုန့်က စိတ်အနှောင့်အယှက်ဖြစ်တဲ့ပုံ နည်းနည်းမှ မပေါ်ရတာလဲ?
ချီဖုန့် စကားဆက်ပြောနေရင်း လင်ခယ်ရဲ့ မျက်နှာအမူအရာကို သေချာလေး အကဲခတ်နေတယ်။ လင်ခယ်ဘက်က ဒီကိစ္စအပေါ် ဘယ်လိုသဘောထားလဲဆိုတာ သူ သိချင်နေတယ်။
သူ့ရဲ့ "ကံကြမ္မာ" ဆိုပြီး စနောက်ခဲ့တဲ့ စကားလုံးကိုတောင် လင်ခယ် အနေနဲ့ မပြုံးနိုင်ခဲ့ဘူးမလား။လင်ခယ်ရဲ့ ပြောင်းလဲမသွားတဲ့ပုံစံကို မြင်လိုက်ရတော့ ချီဖုန့် ဆက်ပြောပြန်တယ်။
"ငါ ဒီဟာတွေနဲ့ ပတ်သတ်ပြီး ဘယ်လိုကိုင်တွယ်လဲသိချင်လား? ငါ အရင်ကလည်း ဒါမျိုးကိစ္စတွေ ကြုံခဲ့ဖူးတယ်။ ဒီလိုဟာတွေက ဘာမှမပြောဘဲထားတာ ပိုကောင်းတယ်။ မင်းရှင်းပြလေလေ မင်းကို ပိုမယုံလေလေပဲ။ "လင်ခယ်ရဲ့ အမူအယာက နည်းနည်းတော့ စပြီးပြောင်းလဲလာတယ်။ ဒါပေမယ့် ဘာအသံမှတော့ ထွက်မလာသေးဘူး။ ဒါကိုမြင်တော့ ချိဖုန့်နှလုံးသား တင်းကြပ်သွားတယ်။
သူဆက်ပြီးပြောပြန်တယ်။
" မင်း တအားဂရုစိုက်နေရင် လူတွေက မင်းကို တစ်ကယ် အဲ့လိုထင်သွားလိမ့်မယ် "ဒီလောက်ရှင်းပြပြီးတာတောင် လင်ခယ်ဆီက
"သွားရှင်းဦးမယ်" ဆိုတဲ့ စကားထပ်ထွက်လာရင် ချီဖုန့် ရင်နာရပြီပဲ။ကောင်းကျွင်းဖိန် မနေသာတော့ဘဲ ဝင်ပြောရှာတယ်။
" ဘာပဲဖြစ်ဖြစ် အဲ့ဒီ forum မှာ တင်နေတဲ့ဟာတွေ Hot ဖြစ်တဲ့ ဟာတွေက နေ့တဒူဝ ပြောင်းလဲနေတာပဲလေ။ ဒီကိစ္စကိုလည်း ဟာသတစ်ခုလိုပဲ တွေးလိုက်ပါ။ စိတ်ထဲ ထားမနေနဲ့တော့။ "
DU LIEST GERADE
The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar Translation
RomantikAuthor : Xi He Qing Ling《羲和清零》 Myanmar Translation 65 Chapters + 9 Side Chapters Native Title : 给校草当假男友的日子 Available in both Unicode and Zaw Gyi (Read in Separate Chapter for Uni and Zaw Gyi)