အခုမှ သူငယ်ချင်းစလုပ်ဖို့ဆိုရင်လည်း နောက်မကျသေးပါဘူး။ ဟုတ်တယ်မလား?Qi Feng တစ်ယောက် Ling Keနဲ့ ဟိုဟိုဒီဒီတွေ ပြောနေခဲ့ကြတယ်။
LingKeလည်းအခုမှပဲ စကားပြောရတာကိုအရသာတွေ့နေသလိုလို..
ပျော်လည်းပျော်နေသလိုလိုပဲ။LingKeရဲ့အေးစက်စက်အမူအရာတွေကြောင့် လူတော်တော်များက သူနဲ့စကားပြောဖို့ ရှောင်ကြတယ်။ သူ့ရဲ့နွေးထွေးမှုမရှိတဲ့ အေးတိအေးစက်ပုံစံကို သည်းခံပေးတတ်တဲ့ သူမျိုးကို QiFengအရင်က သူမကြုံဖူးခဲ့ဘူး။
သူဘာမှပြန်မပြောရင်တောင်မှပဲ တစ်ကိုယ်တည်းပျော်ရွှင်စွာ စကားတွေဆက်ပြောနေတတ်တဲ့ QiFeng......
QiFengရဲ့အသံက တည်ငြိမ်အေးချမ်းတယ်။
နားဝင်ချိုတယ်။နားထောင်ချင်စရာကောင်းလောက်အောင် ဆွဲဆောင်နိုင်စွမ်းရှိတဲ့ သံစဉ်တစ်ခုလိုပဲ။ရုတ်တရက် လွန်ခဲ့တဲ့5နှစ်က ဆုံခဲ့ဖူးတဲ့ TV Host ~ Jiang Yingကိုတောင် အမှတ်ရသွားမိတယ်။
QiFengရဲ့စကားပြောနေတဲ့ပုံစံဟာ သူ့အမေဆီက ရထားတဲ့ အမွေတွေပေါ့.......ညစာစားပြီးတဲ့နောက် သူတို့ရဲ့ အပြန်လမ်းကိုဖြေးဖြေးသာသာလျှောက်ပြီးတော့ လေညှင်းခံရင်း အဆောင်ကို ပြန်လာခဲ့ကြတယ်.....
စတိုးဆိုင်ရှေ့ရောက်တော့ Qi Fengက ရေသန့်ဘူးနဲ့ ဖျော်ရည်ဝယ်ဦးမယ်ဆိုပြီး ဆိုင်ထဲဝင်သွားတယ်။
သူက ရေတအားသောက်တတ်တဲ့သူမျိုးဆိုပြီးသူပြောပြထားလို့ Lingke သိနေပြီးပြီ။
အခုချိန်မှာ ရေလေးတစ်စက်လောက် သူ့ခံတွင်းထဲ မဝင်ရင် သူသေရတော့မယ်တဲ့...
အဲ့လိုရေရွတ်ရင်း ဆိုင်ထဲဝင်သွားတာပဲ။
ဒါနဲ့ LingKeလည်း လိုလိုမယ်မယ် tissuesနှစ်ထုတ်လောက်ဝယ်လာခဲ့လိုက်တယ်။အခန်းပြန်ရောက်တော့ အတူတူနေရမယ့် ၄ယောက်မြောက်အခန်းဖော်က ရောက်မလာသေးဘူး။
Xie Qi Baoကလည်း ဒီနေ့ည ပြန်လာမှာ မဟုတ်ဘူး။
ဒါဆို ဒီည ဒီအခန်းထဲမှာ သူနဲ့ Qi Fengနှစ်ယောက်ထဲပေါ့......
သူ့ဘက်ကနေ ၅နှစ်တိတိ တိတ်တိတ်လေး ခိုးပြီး Crushခဲ့ရတဲ့ ကောင်လေးနဲ့ ပထမဆုံး နှစ်ယောက်အတူတူရှိမယ့်ည....
YOU ARE READING
The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar Translation
RomanceAuthor : Xi He Qing Ling《羲和清零》 Myanmar Translation 65 Chapters + 9 Side Chapters Native Title : 给校草当假男友的日子 Available in both Unicode and Zaw Gyi (Read in Separate Chapter for Uni and Zaw Gyi)