Chapter 15

2.5K 461 21
                                    


အခု သူတို့အခန်းမှာ Wifiပါရှိသွားတော့ ဘဝက မနေ့ကနဲ့မတူ ပိုပြီး သာယာလာသလိုပဲ....

သုံးယောက်လုံး အခန်းကို မြန်မြန်သန့်ရှင်းရေးလုပ်လိုက်ပြီး ကိုယ့်ကွန်ပျူတာကိုယ် ထုတ်လိုက်ကြတယ်....

QiFengရဲ့ computerကို Gao Jun Feiမြင်လိုက်ရတော့ တအားကို အားကျပြီး computerကနေ မျက်လုံးက မခွာနိုင်တော့ဘူး။

"Shit!! ဒီဟာက Alienware ကြီးလား??"

Dellကနေ Gameအတွက် သီးသန့်ထုတ်ထားတဲ့ Alienware laptop ဆိုရင် Gamer ကောင်လေးတိုင်းလိုလို သိကြတယ်။
Gameဆော့ဖို့ သီးသန့်လုပ်ထားတာကြောင့် Gamer တွေအတွက် တော်တော်လေးအဆင်ပြေသလို စျေးကလည်း တော်တော်လေးခေါင်ခိုက်နေတယ်။
သာမန်Laptopတွေထက် စျေးက 5ဆ 6ဆလောင်တော့ ပိုမြင့်တယ်။

Qi Feng သူ့ Laptopကို နှမြောတွန့်တိုခြင်းမရှိဘဲ Gao JunFeiကို Gameဆော့ဖို့ ပေးလိုက်တယ်။

Gao JunFeiတစ်ယောက် Laptopကို တယုတယပွတ်ရင်း....
"တော်တော်လန်းတာပဲ.......ဘာModelလဲ?? စျေးကကော ဘယ်လောက်ပေးရလဲ??"

"Alienware 18......
40000လောက်ပဲပေးရတယ်ထင်တယ်..."

ချမ်းသာတာကို မသိမသာ ဘယ်လိုကြွားလို့ရလဲသိလား.....
အခု Qi Fengပြောလိုက်တဲ့ စကားအသွားအလာလို ပြောလို့ရတယ်။
(အဲ့လိုကြွားနည်းလေးထုတ်သုံးကြ....ကိုယ်ကြွားတာ လူသိပ်မသိစေနဲ့ 😜)

QiFengကတော့ သာမန်ပြောနေကြအတိုင်း ရိုးရိုးသားသားပြောလိုက်တာပါ။
သူ့အသိုင်းအဝိုင်းက လူတွေအတွက် ဒီလောက် ပိုက်ဆံဆိုတာ အသေးအဖွဲပဲရှိသေးတာ.....

ဒါပေမယ့် GaoJunFeiလို ကိုယ့်စရိတ်ကိုရှာပြီး ကျောင်းတက်နေရတဲ့လူတစ်ယောက်အနေနှင့်ကတော့ 'ယွမ်40000လောက်ပဲ ' ဆိုတာက တော်တော်ကြီးကို များလွန်းနေပြီ.....

Gao JunFei သူ့ရင်ဘတ်ကိုထုရင်း သက်ပြင်းချလိုက်တယ်။
သူQiFengကို စမြင်ကတည်းက သာမန်လူတန်းစားထဲက မဖြစ်လောက်ဘူးဆိုတာ ရိပ်မိတယ်။

အခု QiFengရဲ့စကားကြောင့် သူတို့ဘဝတွေဟာ ဘယ်လောက်တောင် ကွာခြားနေတယ်ဆိုတာ သူပိုနားလည်သွားတယ်။

Gao JunFeiက အားကျစွာနဲ့ပဲ......
"မင်းက တကယ့်ကို ကျိကျိတက် ချမ်းသာတဲ့ သူဌေးသားပဲ.."

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationDove le storie prendono vita. Scoprilo ora