Chapter 36

2.2K 394 19
                                    

လိုက်နာရမည့် ကျင့်ဝတ်များ

လင်ခယ်ကြောင်သွားတယ်။ ဒါကသေသေချာချာ လုပ်ရမယ့်အရာမဟုတ်ဘူးလား။ သိတဲ့အတိုင်း သူတို့နှစ်ယောက်လုံးက straightတွေလေ။ တစ်ခုခုလွဲချော်သွားလို့ ဂေးသွားခဲ့သည်ရှိသော် ဘယ်လိုလုပ်ကြမလဲ?

သူကတော့ အတိုင်းထက်အလွန်ကို ပျော်နေမိမှာ အသေအချာပေါ့..😇
သူ့စိတ်ထဲမှာ ကျိတ်ပျော်နေပေမယ့် မျက်နှာပြင်ကတော့ အေးစက်ပြနေဆဲ..

လင်ခယ်မျက်နှာကြီးဖြစ်ပျက်နေတာကို ချီဖုန့်ရယ်ချင်နေပေမယ့် သည်းခံထားရတယ်။ ဘာပဲပြောပြော သူလည်း အခု အတည်ကြီး စလုပ်တော့မလို့ပဲလေ။

လင်ခယ် ပထမဆုံး အချက်ကို ချရေးလိုက်တယ်။
* တစ်ယောက်ယောက်ဘက်က ရည်းစားအဖြစ် ဟန်ဆောင်ပေးဖို့ လိုအပ်လာခဲ့လျှင် ချက်ချင်း ဟန်ဆောင်ပေးရမည်။ အမူအရာများအတွက် ကန့်သတ်ချက်မရှိ: လက်ကိုင်ခြင်း၊ဖက်ခြင်း
ဖက်ခြင်းဟု ရေးပြီးနောက် လင်ခယ် ပုဒ်မချလိုက်ချင်တယ်။ နောက်တစ်ချက်ကိုသွားလိုက်ချင်ပြီ။

'အမူအရာတွေအတွက် ကန့်သတ်ချက်မရှိ' ဆိုတာကို ချီဖုန့် စိတ်ဝင်စားသွားတယ်။

ဖက်တာရယ် လက်ကိုင်တာရယ်အပြင် သူကဘာတွေထပ်လုပ်ပေးချင်နေသေးတာလဲ...

လင်ခယ် ချီဖုန့်ကို မော့ကြည့်လိုက်ပြီး မေးလိုက်တယ်။ "ငါတစ်ခါမှ ရည်းစားမထားဖူးလို့ ရည်းစားတွေ ဘယ်လို ပြုမူတတ်ကြသလဲဆိုတာ ငါမသိဘူး.. မင်းမှာ တခြား စဉ်းစားထားတာရှိသေးလား"

"ငါလည်း တစ်ခါမှ မထားဖူးဘူးလေ..
ငါတို့ မနက်ခင်းနဲ့ ညပိုင်း နှုတ်ဆက်တာလေးတွေလောက်နဲ့ပဲ ရိုးရိုးရှင်းရှင်းလေး စကြတာပေါ့.. တခြားအရာတွေက မီးစင်ကြည့်ကရမှာပဲလေ"

"OK"

လင်ခယ် ဒုတိယတစ်ချက်ကို ထပ်ရေးဖို့ပြင်လိုက်တယ်။
"ငါတို့ ဒီအကြောင်းတွေကို ကောင်းကျွင်းဖိန်းနဲ့ရှဲ့ချီပေါင်တို့ကို ပြောပြထားသင့်လား"

"မလိုဘူး။ ငါတို့ ဟန်ဆောင်ဖို့ဆုံးဖြတ်ထားတာပဲ.. တကယ်အစစ်နဲ့တူအောင်ပဲဟန်ဆောင်ကြမယ်။ မလိုအပ်ပဲဘယ်သူ့ကိုမှ အသိမပေးဘူး။ မတော်တဆပေါက်ကြားသွားခဲ့ရင် ကြိုးစားထားတာတွေအကုန် သဲထဲရေသွန်ဖြစ်ကုန်မယ်"

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now