Chapter 13

2.1K 433 26
                                    


တစ်ယောက်ကို addဖို့ပြောလိုက်ပြီဆိုတော့ နောက်တစ်ယောက်ကို မaddလို့မကောင်းဘူးမလား??

ဒါနဲ့ပဲ GuoJunFeiက QiFengဖက်လှည့်ပြီး
"မင်းကိုလည်း addမယ်"

Lingkeရဲ့ ခွဲခြားဆက်ဆံမှုကို ခံထားရတော့ QiFengရဲ့စိတ်က သိပ်ကြည်မနေဘူး။

သူ မအပ်ချင်ဘူးလို့ အော်ပြောပစ်လိုက်ချင်တယ်။

ဒါပေမယ့် သူ့ကိုယ်သူ ထိန်းချုပ်တတ်ပြီးသား။ဘယ်အချိန်မှာဘယ်လိုလုပ်သင့်တယ်ဆိုတာ သူသိတယ်။ သူစိတ်တိုနေတဲ့ ပုံစံကို ဘယ်တော့မှ မျက်နှာမှာ ပေါ်အောင် ထုတ်ပြမှာမဟုတ်ဘူး။

ချိုချိုသာသာအပြုံးလေးနဲ့ ဖုန်းကို ကမ်းပေးလိုက်ကာ ဖုန်းscreenကို ခပ်နာနာတောက်ရင်း ဖွင့်လိုက်တယ်။

သူ့Wechat bar codeကို Gao JunFeiရှေ့ထိုးပြပြီးတဲ့နောက် မသိမသာ LingKeဆီ ပြန်ထိုးပေးလိုက်တယ်။

ဒီလုပ်ရပ်ဟာ Lingke အတွက် သိပ်ကိုသိသာလွန်းတယ်... ခြိမ်းခြောက်နေသလိုလိုပဲ။

ဒီတစ်ခေါက်မှ သူငြင်းလိုက်ရင် သူတို့နှစ်ယောက်ဝေးသွားဖို့ပဲ ရှိတော့တယ်။

LingKeအဲ့လောက်ထိတော့ မအသေးပါဘူး။
တွေဝေမနေဘဲ သု့ဖုန်းကို QiFengဖက် ထိုးပေးလိုက်ပြီး....

"ငါ့ကိုလည်း Addပေး...."

QiFeng: "........!!"

LingKeအခုလိုမျိုးအခြေအနေအတွက် ကြိုတင်ပြင်ဆင်ထားပြီးသား။

အခုခေတ်မှာ လူတိုင်းWe chatသုံးနေကြတယ်လေ။
အခန်းဖော်၊အတန်းတူသူငယ်ချင်းတွေနဲ့ကျန်တဲ့လူတွေကိုကော သူအပ်ရမှာပဲ။

QiFengကို ခဏခဏ ရှောင်လွဲလို့မရဘူးဆိုတာ သူသိတယ်။
တစ်ဖက်မှာလည်း QiFengကို တစ်ဖက်သက် နှစ်တွေအများကြီးစွဲလန်းခဲ့ရတာကို ရိပ်မိသွားမှာလည်း စိုးတယ်။
ဒါကြောင့် သူAccအသစ်ကို ထပ်ဖောက်လိုက်တယ်။

Guo Jun Feiကို Addခိုင်းလိုက်တာ ဒုတိယတစ်ခု။
ဒါကြောင့် သူတွေဝေမှုမရှိပဲ QiFengကို Accပေးနိုင်တာ။

သူတို့၃ယောက်လုံး Accလဲပြီးသွားပြီ။

QiFengကတော့ ကျေနပ်တဲ့ပုံမပေါ်သေးဘူး။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now