Chapter 24

2.3K 418 6
                                    


{ငါ့ပထမဦးဆုံး အနမ်းတောင် မရှိခဲ့သေးပါဘူး}

ချီဖုန့် လင်ခယ်ရဲ့သဘောထားကို ဂရုမစိုက်တော့ဘဲ အတင်းပါမယ်ဆိုပြီး ပြောလိုက်တဲ့နောက်တော့ သတင်းပညာဌာန ပါမောက္ခက မောင်မယ်သစ်လွင်ကြိုဆိုပွဲမှာ ​ဖျော်ဖြေပေးရမယ့် အကြောင်းနဲ့ပတ်သတ်ပြီး ခေါ်တွေ့ခဲ့တယ်။

မောင်မယ်သစ်လွင်ကြိုဆိုပွဲ နာမည်ခံထားပေမယ့် တစ်ကယ်က ကျောင်းရဲ့အနုပညာစွမ်းရည်ပြပွဲပါ။
တစ်ထောင့်တစ်နေရာကနေ ပါဝင်တဲ့ကိုယ်ဆိုတာ ကိုယ့်ဌာနကို ကိုယ်စားပြုရုံတင်မက တစ်ကျောင်းလုံးကိုပါ ကိုယ်စားပြုတယ်။
ဒါကြောင့် ပါမောက္ခအနေနဲ့ သူတို့နှစ်ယောက်ကို အများကြီး မျှော်လင့်ထားတယ်။

ဒီစကားတွေ ကြားပြီးတဲ့နောက် လင်ခယ်ခေါင်းကြီးသွားတယ်။

စာပေနဲ့ အနုပညာဌာနရဲ့ ဌာနမှူးကတော့ တော်တော်လေး တက်ကြွနေခဲ့တယ်။ နောက်ရက်မှာ ချက်ချင်းပဲ စန္ဒယားတွေရှိတဲ့ အခန်းသော့ကို လေ့ကျင့်ဖို့ လာပေးတယ်။ သော့ရ ရချင်း လင်ခယ်နဲ့ ချီဖုန့် စန္ဒယားတွေ စမ်းကြည့်ဖို့ သွားခဲ့ကြတယ်။

F တက္ကသိုလ်မှာ ဂီတနဲ့ပတ်သတ်တဲ့ ဘာသာရပ်တွေ၊ ဌာနတွေ မရှိဘူး။ ဒါပေမယ့် ဟောခန်းရဲ့ အောက်ထပ်မှာတော့ အပျင်းပြေတီးနိုင်ဖို့ စန္ဒယားတွေ ထား ထားတဲ့ အခန်း လေးခန်း၊ငါးခန်းလောက်တော့ ရှိတယ်။ များသောအားဖြင့်တော့ ဆရာတွေပဲ လာတီးလေ့ရှိကြတယ်။

အေးချမ်းတိတ်ဆိတ်မှုကို ဦးစားပေး ဖန်တီးထားတာ ဖြစ်လို့ အခန်းတွေက ကျဥ်းတယ်။ အသံလုံတယ်။ သူတို့နေတဲ့ အဆောင်က အခန်းရဲ့ တစ်ဝက်သာသာပဲရှိတယ်။

အခန်းထောင့်မှာ စန္ဒယားတစ်လုံးရယ်၊ ခုံတန်းလေးတစ်ခုရယ်၊ စာအုပ်စင်လေးနဲ့ ကုလားထိုင်တစ်လုံးရယ်။

၆ မီတာပတ်လည်လောက် အခန်းထဲမှာ အရပ်ရှည်ရှည်ကျောင်းသား နှစ်ယောက် အတူရှိနေတဲ့အခါ ကျပ်သိပ်နေသလို ဖြစ်ရတယ်။
အသံလုံတာကြီးက ကောင်းလွန်းတဲ့အတွက် အခန်းတံခါးပိတ်ထားလိုက်တဲ့အခါ တစ်ယောက်ရဲ့ အသက်ရှုသံကို တစ်ယောက်က ပြန်ကြားနေရတယ်။
ဒီအခြေအနေက နည်းနည်းတော့ နေရထိုင်ရခက်သလိုပဲ။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now