Chapter 3

2.3K 377 5
                                    


Ling Ke တစ်ယောက် Qi Fengနဲ့ ဘယ်တော့မှထပ်မဆုံနိုင်တော့ဘူးလို့ပဲ တွေးထားလိုက်တော့တယ်။ ဒါသိပ်ကိုမှားသွားမှန်း မကြာခင်မှာ သူသိလိုက်ရပါတယ်။

Qi Feng ရဲ့QQ accountကို addပြီး လေးလကြာတော့ အလယ်တန်းကျောင်းသားတွေအတွက် စွမ်းရည်ပြပွဲတစ်ခု ကျင်းပမယ်ဆိုတဲ့အကြောင်း TVအစီအစဉ်တစ်ခုကနေ ကြေငြာခဲ့ပါတယ်။ ရွေးချယ်ခံရတဲ့ သူဟာ နှစ်သစ်ကူးပွဲတော်မှာပါဝင်ရမှာဖြစ်ပါတယ်။ ဒါပေမဲ့ ဒီပြိုင်ပွဲဟာ နှစ်သစ်ကူးပွဲအတွက် လူရွေးချယ်မှု သက်သက်ပဲ မဟုတ်ပါဘူး။ ဒီ ရုပ်သံလွှင့်ဌာနရဲ့ Talk_show တစ်ခုမှာ လူငယ်အစီအစဉ်မှူး အနေနဲ့ ပါဝင်ဖို့လည်း ကမ်းလှမ်းခံရမှာဖြစ်ပါတယ်။

မိဘတွေကလည်း စိတ်ဝင်စားကြသလို ဆရာတွေကလည်း သူတို့ ကျောင်းဂုဏ်သတင်း တက်ဖို့အတွက် ကျောင်းက ကလေးတွေကိုပါဝင်စေချင်ကြတယ်။

Ling Ke ဟာ သူ့အတန်းမှာ Grade 10 Pianoအောင်လက်မှတ်ရထားတဲ့တစ်ဦးတည်းသောကျောင်းသားဖြစ်ပါတယ်။ ဒါကြောင့်ဒီပြိုင်ပွဲမှာ ကျောင်းကိုယ်စားပြုအနေနဲ့ စေလွှတ်ဖို့ ရွေးချယ်ခံလိုက်ရတယ်။ Ling Ke ကိုယ်ပိုင် သဘောအရ သူ ဒီပြိုင်ပွဲမှာ ဝင်မပြိုင်ချင်ဘူး။ သူ Pianoသင်တာဟာ ဒီလိုတွေပြိုင်ဖို့မဟုတ်ဘူး။ ပြီးတော့ သူ့မှာ စင်ကြောက်တဲ့ရောဂါကလည်းရှိသေးတယ်။ Ling Keမိဘတွေကတော့ အခွင့်အရေးရှိတုန်း ကြိုးစားကြည့်ဖို့တိုက်တွန်းနေကြတယ်။ သူ အရွေးမခံရရင်တောင် အနည်းဆုံးတော့ အတွေ့အကြုံကောင်းတွေကျန်တာပေါ့။

လဝက်ကြာပြီးတဲ့နောက် Ling Ke ဟာ ကျန်ကျောင်းသားသုံးယောက်နဲ့အတူ ကျောင်းကိုယ်စားပြုအနေနဲ့ အသံလွှင့်ဌာနကိုရောက်လာခဲ့ကြတယ်။ သုံးယောက်ထဲမှာ တစ်ယောက်ကဘဲလေးအကမယ်၊ တစ်ယောက်ကEr.hu (Chinese Violin or Chinese Two Stringed Fiddle ) တီးတဲ့မိန်းကလေးနဲ့ နောက်တစ်ယောက်ကတော့ သီချင်းဆိုမယ့်ကောင်လေးပါ။

ဘဲလေးအကမယ်လေးဟာ ကျောင်းရဲ့နံပါတ်တစ် အချောဆုံး မိန်းကလေးအဖြစ်နာမည်ကြီးပါတယ်။ သူမဟာ Ling Ke ထက်အနုပညာစွမ်းရည်မှာ ပိုသာတယ် ။ကျောင်းရဲ့ပွဲတိုင်းလိုလိုမှာ MCအနေနဲ့ အမြဲပါဝင်ခွင့်ရသူပေါ့။ ရုပ်ရည်လှပရုံသာမကစကားပြောလည်းအင်မတန် ပြေပြစ်တယ်။ သူတို့တွေ သေချာပေါက်ရွေးချယ်ခံရမယ်လို့မမျှော်လင့်ရဲပေမယ့် သူမဟာ သူတို့လေးယောက်ထဲမှာ အရွေးချယ်ခံရဖို့ အဖြစ်နိုင်ဆုံးတစ်ယောက်ပါပဲ။

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWo Geschichten leben. Entdecke jetzt