Chapter 37

2.7K 378 35
                                    

အဖွဲ့လိုက် ခရီးထွက်ခြင်း

ကျောင်းသားဖြစ်တဲ့အလျောက် သူတို့မှာ အားလပ်ရက် မရှိတာကြောင့် စနေ တနင်္ဂနွေကျောင်းပိတ်ရက်မှာ သွားကြဖို့ ဆုံးဖြတ်လိုက်ကြတယ်။ သူတို့အဖွဲ့  တိုင်ပင်ဆွေးနွေးပြီးတဲ့နောက် မြို့နားက ရွာဟောင်းလေးဆီကိုသွားဖို့ ဆုံးဖြတ်လိုက်တယ်။

အဲ့ဒီရွာဟောင်းလေးဟာ သဘာဝတရားတွေကြောင့် နာမည်ကြီးပြီး ငွေကြေးသက်သက်သာသာနဲ့ ခရီးသွားလိုတဲ့ ကျောင်းသားတွေကိုအဓိကထားတဲ့ ခရီးသွားနေရာလေးတစ်ခုဖြစ်တယ်။

အကောင်းဆုံး interview တစ်ခု ဖြစ်လာဖို့နဲ့ budget travelling အတွက် အတွေ့အကြုံကောင်းတစ်ခုရဖို့အတွက် တစ်ယောက်ကို ခရီးသွားစရိတ်တွေ၊ နေထိုင်စားသောက်မှုစရိတ်တွေအပါအဝင် အထွေထွေကုန်ကျမှုတွေအတွက် တစ်ရက်ကို ယွမ် ၈၀ထပ်ပိုမသုံးဖို့ သတ်မှတ်လိုက်ကြတယ်။ ၂ရက်ပေါင်းကို ယွမ် ၁၆၀ပဲ သုံးခွင့်ရှိမယ်။

မြို့ကြီးပြကြီးမှာ ကြီးပြင်းလာတဲ့ ကလေးတစ်ယောက်အတွက် ဒီငွေပမာဏဟာ အပြင်တစ်ခါထွက်ပြီး စားသောက်တဲ့ စရိတ်သာသာလေးပဲဖြစ်နေတယ်။ အထူးသဖြင့် ချီဖုန့်...
ဒီသတ်မှတ်ချက်ကိုချီဖုန့်ကြားပြီးသကာလ "ဟင် ယွမ် ၁၆၀ဆိုတာ ဟိုတယ်မှာ တစ်ညအိပ်ရုံပဲရှိမှာလေ"

ယောင်ကျင်း ဆိုတဲ့မိန်းကလေးက ဝင်ပြောတယ်။ "အမလေး ပျိုတိုင်းကြိုက်လွန်းတဲ့ ကိုချီဖုန့် ကြီးရယ် အခု ကျွန်မတို့ လုပ်နေတာက Budget Travelling နော် .. ရှင်က ဟိုတယ်မှာနေဖို့ စဉ်းစားနိုင်သေးတာလား"

အဖွဲ့သားတိုင်း ကောင်မလေးပြောတာကြားပြီး ထရယ်ကြတယ်။ ကျန်းဝိန်ချင်က စာရွက်တစ်ချို့ ယူလာပြီး ချီဖုန့်ကို ရှင်းပြပေးတယ်။
"ငါ လေ့လာစုံစမ်းမှုတွေအများကြီး လုပ်ပြီး ဒီ ငွေပမာဏကို သတ်မှတ်ထားတာ။ အလွတ်တမ်း ခရီးသွားသူ (ကျောပိုးအိတ်တစ်လုံးနဲ့ ခရီးထွက်တဲ့သူ) 50%လောက်က ဒီခရီးစဉ်အတွက် တစ်ရက်ကို ယွမ် ၁၀၀သုံးတယ်။ ငါတို့အတွက်
ရွာဟောင်းက သိပ်မဝေးတဲ့အတွက် ငါတို့တွေအများသုံးပို့ဆောင်ရေးစနစ်တွေနဲ့ပဲသွားကြမယ်ဆိုရင် ဈေးအသက်သာဆုံးဖြစ်ပြီး အသွားအပြန်ဆိုရင်တောင် ယွမ်50မကုန်ဘူး။ ဒါကြောင့် 2ရက်စာ ယွမ်၁၆၀ဆိုတာက ပိုတောင်ပိုနေသေးတယ်။ "

The Daily Life of Being the Campus Idol's Fake Boyfriend - Myanmar TranslationWhere stories live. Discover now