Episode 1

8.7K 423 1
                                    

One of a kind ( episode 1 )

Zawgyi
-----------

'တီ~~တီ~~တီ~~တီ~~'

နှိုးစက်သံကြောင့် ရှောင်ကျန့် မထချင် ထချင် နဲ့ အိပ်ယာမှ ထလိုက်သည် ။ ပုံမှန်ဆို နှိုးစက် ပိတ်ပြီး ပြန်အိပ်လိုက်မည် ဖြစ်သော်လည်း ဒီနေ့က ကျောင်းတက်ရမည့် ပထမဆုံးရက်ဖြစ်တာမလို့ ထကာ ရေချိုးကာ ပြင်ဆင်လိုက်သည် ။ ပြင်ဆင်ပြီး နာရီကြည့်လိုက်တော့
၇ နာရီခွဲ ....

" တော်ပါသေးရဲ့ မနက်စာ စားဖို့ အချိန်ရသေးလို့
မား ဘာတွေ ချက်ထားမလဲ မသိဖူး ဟီးဟီး "

တစ်ယောက်ထဲ ပြောကာ လွယ်အိတ်ယူပြီး အောက်ဆင်းလာခဲ့သည် ။ အိမ်တော်မှာ ဝန်ထမ်းတွေ ရှိသော်လည်း မားက ရှောင်ကျန့်တို့ သားအဖ နှစ်ယောက်အတွက် သူကိုယ်တိုင်ချက်ပြုတ်ပေးရမှ ကျေနပ်သူပင် ....

" မားရေ ဘာတွေ ချက်ထားတာလဲ မွှေးနေတာဘဲ "

" ဟော သား ကျန့်ကျန် လာ
ဒီမှာ သားအကြိုက်တွေချည်းဘဲ "

" ဟီး မားကို ချစ်လိုက်တာ "

" ကောင်စုတ်ကလေး မားကို ချစ်တာဟုတ်ရဲ့လား "

" ဟုတ်ပါတယ် မားရဲ့ ကျန့်ကျန့်ကလေ
မားကို အချစ်ဆုံးဘဲ "

" မားကို အချစ်ဆုံးဆိုတော့ ပါးကိုရော မချစ်ဘူးလား ကျန့်ကျန့် "

အပေါ်ထပ်က ဆင်းလာသောပါးက အလုပ်သွားတော့မယ့်ပုံပင်...

" ဟာ ပါး ကျန့်ကျန့်က ပါးကိုလဲ ချစ်တာပေါ့လို့ "

" ဟုတ်လို့လားကွာ "

" ဟုတ်ပါတယ်ဆို ပါးကလဲ ကျန့်ကျန့်ဘဝမှာ ပါး နဲ့ မား ကို အချစ်ဆုံး "

" ကဲပါ ဒီသားအဖတွေ စကားတွေ လျော့ပြောပြီး စားကြတော့ "

" ဟုတ် မား "

ရှောင်ကျန့် ဘာမှ ဆက်မပြောတော့ဘဲ မားပြင်ပေးထားသော မနက်စာကိုသာ အာရုံစိုက်ပြီး စားနေလိုက်သည် 
အစားစားနေရရင် ပြီးရောဆိုသော ရှောင်ကျန့်မဟုတ်လား

" အော် အစ်ကို သားလေးကို ကျောင်းလိုက်ပို့မှာ မလား "

" အေးပေါ့ကွာ ကျန့်ကျန့်က ခုမှ ဒီမြို့ရောက်တော့ အတူတူသွားဖို့ သူငယ်ချင်းလဲ မရှိသေးဘူးလေ "

One of a kind ( Completed ) Nơi câu chuyện tồn tại. Hãy khám phá bây giờ