Episode 11

2.4K 136 0
                                    

One of a kind ( episode 11 )

Zawgyi
-----------

" ဝမ်မားရေ ကျန့်ကျန့်တို့ လာတယ် .. "

ဝမ်အိမ်တော်ရောက်လို့ ကားရပ်လိုက်တာနဲ့ အမြန်ဆင်းသွားတဲ့ ရှောင်ကျန့်ပါ ။ ရောက်တာနဲ့
ကြားလိုက်ရတဲ့ အသံဆာဆာလေးကြောင့် ဝမ်အိမ်တော်က အိမ်တော်ထိန်းကြီးသာမက အနားမှာ ရှိတဲ့ အစေခံလေးတွေကပါ ပြုံးလိုက်မိကြတယ် ။ ရိပေါ်နဲ့ရှောင်ကျန့် တို့ လာလည်ကာမှ ဝမ်အိမ်တော်ကြီး ရှောင်ကျန့်ရဲ့ အသံဆာဆာလေးနဲ့ စိုပြေလှတယ် မဟုတ်လား

ရှောင်ကျန့် အသံကြောင့် kitchen ထဲရောက်နေတဲ့ ဝမ်မားက ထွက်လာပြီး ရှောင်ကျန့်ကို ဖက်ထားလိုက်တယ် ။ ရိပေါ်ကတော့ ထုံးစံအတိုင်း သူ့ယောက်ျားလေးကို ကြည့်ပြီး အပြုံးမပျက် ... ရှောင်ကျန့်တစ်ယောက် ဝမ်ပါး ဝမ်မား တို့နဲ့ အဆင်ပြေနေတာဆိုတော့ သူလဲ စိတ်ချမ်းသာရတယ်လေ ။

" ကျန့်ကျန့်လေး အိမ်ကို မလာတာကြာတော့ ဒီက ဝမ်မားက လွမ်းနေတာ .. ညနေစောင်းမှ ပြန်ရမယ်နော် .. "

" ကျန့်ကျန့်လဲ မားကို လွမ်းနေတာ ရိပေါ် မအားတာနဲ့ မလာဖြစ်တာ ဝမ်မားရဲ့ "

" အော် ရိပေါ်ဆိုမှ .. ရိပေါ် သားပါးပါးက သားရောက်ရင် သူ့အလုပ်ခန်းထဲ လာခဲ့ပါအုံးတဲ့ "

" ဟုတ်ကဲ့ မား ကျွန်တော်သွားလိုက်ပါ့မယ် .. ကျန့်ကျန့် နဲ့ အေးဆေးစကားပြောနေလိုက်အုံးနော် မား "

" အေး အေး သွားလေ သား
ကျန့်ကျန့်လေးလာ မားက ဟင်းချက်နေတုန်းဆိုတော့ kitchen ထဲမှာပဲ စကားပြောကြရအောင် "

" ဟုတ် မား ကျန့်ကျန့်လဲ ကူချက်ပေးမယ် "

" ဟုတ်ပါပြီတော် ... "

ရှောင်ကျန့်နဲ့ ဝမ်မားတို့ kitchen ထဲ ဝင်သွားကာမှ ရိပေါ်လဲ ဝမ်ပါးရဲ့ အလုပ်ခန်းဆီ ထွက်ခဲ့လိုက်တယ်။
WX မှာ shareholder တစ်ယောက်အနေနဲ့ ရပ်တည်နေပေမယ့် Wang group ကပိုင်ခဲ့တဲ့ hotel ကတော့ WX မှာ မပါဝင် ... သီးခြားပိုင်ဆိုင်မှု အဖြစ်သာ ရှိနေတာမလို့ ဝမ်ပါးက Hotel ကိစ္စတွေနဲ့ အခုထိ အလုပ်ရှုပ်နေတုန်း ..

အလုပ်ခန်းရှေ့ရောက်တော့ .. တံခါးခေါက်ရင်း ဝမ်ပါးကို ရိပေါ်အသံပေလိုက်တယ် ။

One of a kind ( Completed ) Where stories live. Discover now