Episode 6

4.1K 197 0
                                    

One of a kind ( episode 6 )

Zawgyi
-----------

ရိပေါ်လဲ ရှောင်ကျန့်နဲ့ ဝမ်ချင်ကို တင်ခေါ်ကာ ဝမ်ချင့်ကို ကွန်ဒိုသို့ အရင်လိုက်ပို့လိုက်တယ် ။ ပြီးမှ ရှောင်းအိမ်တော်သို့ ကားကို ဉီးတည်လျှက် ....

ရှောင်းအိမ်တော်ရောက်တော့ ရှောင်းမားနဲ့ တွေ့တာကြောင့် ရိပေါ်နှုတ်ဆက်လိုက်တယ် ။

" အန်တီ နေကောင်းရဲ့လားဗျ "

" အေး ကောင်းပါတယ် သားရယ်
ကျန့်ကျန့်ကတော့ ရိပေါ်ပါလာမှာကို ကြိုမပြောထားဖူးကွယ်"

" ဟုတ် ကျွန်တော်လဲအစီအစဉ်မရှိဘဲ လိုက်လာဖြစ်သွားတာအန်တီ ..အစကတော့ မနက်ဖြန်မှ အေးအေးဆေးဆေး လာတွေ့မလို့ပါဘဲ "

" မားနော် ရိပေါ်သူ့ဘာသာလိုက်လာတာ
အရင်ကလဲ လာနေကြ အထူးအဆန်းမှ မဟုတ်တာကို
ကျန့်ကျန့်ကိုဘဲ အပြစ်လာပြောနေတယ် ဟွန့် "

ရိပေါ်လဲ ချစ်သူအသစ်စက်စက်လေးရဲ့ ကလေးဆန်လွန်းလှတဲ့ ပုံစံကြောင့် ပြုံးပြီးသာကြည့်နေလိုက်တယ် ။ တကယ်တမ်းက ရယ်ချင်နေတာ ။ ရယ်ချင်ပေမယ့် မရယ်ရဲ တော်ကြာစိတ်ဆိုးရင် အန်တီတို့ရှေ့ ချော့ရခက်အုံးမယ်လေ။

" ကဲပါ ကျန့်ကျန့်ရယ် ကလေးလဲမဟုတ်ပဲနဲ့ သွား အဝတ်အစားသွားလဲချေ "

" ဟုတ် မား ရိပေါ် နေအုံးမှာလား ပြန်တော့မှာလား "

" နေအုံးမှာပါ အန်တီ ကျွန်တော့်ကို ညစာကျွေးမယ်မလား "

" ကျွေးပါတယ် သားရယ်
ညစာ အတူတူစားပြီးမှ ပြန်နော် "

" ဟီး ဟုတ်
ကျန့်ကျန့် ညစာစားပြီးမှ ငါပြန်မယ်လေကွာ "

" ပြီးရော ....!!! "

' ပြီးရော ' ဆိုပြီးခြေဆောင့်ကာ အပေါ်တက်သွားတဲ့ ရှောင်ကျန့်ကိုကြည့်ပြီး ရိပေါ် အသံထွက်အောင် ရယ်လိုက်မိတယ် ။

" အော် ဒါနဲ့ အန်တီ ... အန်ကယ်ရော မတွေ့ပါလား အလုပ်က ပြန်မရောက်သေးဘူးထင်တယ် "

" သား အန်ကယ်က ဒီနေ့ အစောကြီးထဲက ပြန်ရောက်နေပြီ
ကျန့်ကျန့်ကို ပြောစရာရှိလို့တဲ့ "

" အာ ဟုတ်ကဲ့ အန်တီ "

" ဒါနဲ့ သားနဲ့ ကျန့်ကျန့်တို့ကရော အခြေအနေဘယ်လိုလဲ "

One of a kind ( Completed ) Dove le storie prendono vita. Scoprilo ora