Episode 9

2.7K 158 0
                                    

အမြဲတမ်းOne of a kind ( episode 9 )

Zawgyi
-----------

" ဘေဘီ ရိပေါ်တို့တောင် လက်ထပ်ထားတာ သုံးလရှိပြီ
မောင်တို့ရော လက်ထပ်ရအောင်နော် "

ဟောက်ရွှမ်းနဲ့ တွေ့တိုင်း ကြားနေကျစကားမလို့ ကျိရန်အတွက် မထူးဆန်း ...
ဒီတစ်ခါတော့ သူလဲမငြင်းချင်တော့
တွဲလာကြတာလဲ Uni တက်နေတဲ့ တစ်လျှောက်လုံးဆိုတော့ လေးနှစ်ကျော်နေပြီလေ ။

" အင်းပါ မောင်ရာ
ငါ အိမ်ကို ပြောလိုက်ပါအုံးမယ် "

" မောင့်အိမ်ကိုတော့ အကုန်ပြောပြထားပြီးသား
ပါးနဲ့မားက မောင့်သဘောတဲ့
ဘေဘီ အိမ်ကရော လက်ခံပါ့မလား "

" လက်ခံလာအောင်တော့ ကြိုးစားရမှာပေါ့
စိတ်ချပါ မိဘတွေသဘောမတူရင်တောင် ငါက မောင့်ကိုဘဲ လက်ထပ်မှာ နော် "

" ချစ်လိုက်တာကွာ ... "

" ညနေကျရင် မောင် အိမ်ကိုလိုက်ခဲ့
ငါ့ မိဘတွေဆီမှာ ခွင့်တောင်းမယ်
တကယ်လို့ သဘောမတူဘူးဆိုရင် မောင့်နောက်ကို ငါတစ်ခါတည်းလိုက်ခဲ့မယ် "

" အင်း မောင်လိုက်ခဲ့မယ်နော်
ဘေဘီ့ မိဘတွေက သဘောမတူလို့ အမြွေဖတ်မယ်ဆိုရင်လဲ ငါရှာကျွေးမှာပေါ့ "

" ဟုတ်ပါပြီကွာ "

ဟောက်ရွှမ်းက ကျိရန်ကို လက်ထပ်ဖို့ ပြောနေတာကြာနေပြီ
ဘယ်တုန်းကတည်းကလဲဆိုတော့ ရိပေါ်တို့ ချစ်သူတွေမဖြစ်ကြခင်ကတည်းကပဲဆိုပါတော့ ...

ဟောက်ရွှမ်းအိမ်ကတော့ သူတို့သားစိတ်တိုင်းကျဘဲမလို့ ဘာမြှပဿနာမရှိ ... ဆေးပညာတွေလဲ တိုးတက်နေတဲ့ခေတ်မလို့ မျိုးဆက်အတွက်ကိုလဲ သိပ်စိတ်မပူကြ ... အဲဒီတော့ ဟောက်ရွှမ်းသဘောကျတဲ့သူကို သူတို့ရော ချစ်ပေးမယ် ဆိုပြီး လက်ခံပေးကြတယ်လေ

ညနေကျရင် အိမ်ကို လိုက်ခဲ့ဆိုတဲ့ ကျိရန်ဆီက စကားကြောင့် ဟောက်ရွှမ်းလေး သိပ်ပျော်နေတယ် ။
အရင်က လက်ထပ်ချင်ပြီ ပြောတိုင်း ကျိရန်ရဲ့ စောပါသေးတယ်ဆိုတဲ့ စကားနဲ့ဘဲ အဆုံးသတ်ရမြဲ ...
အခုကတော့ ကျောင်းလဲပြီးပြီမလို့ ကျိရန်ဘက်က လက်ခံလိုက်သည့်သဘော ...

One of a kind ( Completed ) Onde histórias criam vida. Descubra agora