Episode 15

2.2K 127 2
                                    

One of a kind ( episode 15 )

Zawgyi
------------

Xing group နဲ့ ပတ်သတ်သမျှ ပြဿနာတွေကို အကုန်ဖြေရှင်းပြီးသွားတဲ့ အခါမှာတော့  ဝမ်ရိပေါ်တစ်ယောက် တစ်ရက်လောက်ရုံးမသွားဘဲ ရှောင်ကျန့်အနားဘဲ တောက်တဲ့လို ကပ်နေတော့တယ် ။ ကပ်လွန်းလို့ ရှောင်ကျန့်တောင် အံ့သြနေရတဲ့ အဖြစ် ...

" ရိပေါ် .. ဒီနေ့ ဘာလို့ company မသွားတာလဲ ... ကျဲကို လွှဲထားပြန်ပြီလား .. အားနာစရာကြီး .. "

" ဒီတစ်ရက်လေးဘဲလေ .. ကိုယ် ကျန့်ကျန့်နား ကပ်နေချင်လို့ ... ကျဲက နားလည်ပါတယ်ကွာ  "

" ရုံးပိတ်ရက်တွေလဲ ရှိတာဘဲကို ..  "

" အခုတလော အရမ်းပင်ပန်းခဲ့ရတာလေ .. အဲဒီပင်ပန်းတာတွေ ပျောက်သွားအောင်လို့ "

" စကားတတ်နေလိုက်တာ ... အဲဒါဆို ယောက်ျား ဒီနေ့ ငါ့ကို တစ်နေကုန် အချိန်ပေးမှာလား "

" အွင်း ... ကိုယ့်အချိန်တွေ အကုန်လုံး ကျန့်ကျန့် တစ်ယောက်ထဲ ပိုင်တယ် "

" ဒါဆို အပြင်သွားရအောင် ... "

" သွားလေ ... ဘယ်သွားချင်တာလဲ ကိုယ်ဘယ်ကို လိုက်ပို့ရမလဲ "

" အဲလိုတော့ မရှိဘူး အပြင်မှာ လျှောက်သွားချင်တာဘဲသိတယ် ... "

" HX ကို သွားမလား .. mall ထဲ လျှောက်သွားမယ်လေ "

" ကောင်းသားဘဲ .. အဲဒါဆို ငါအဝတ်အစားလဲလိုက်အုံးမယ် စောင့်အုံး "

" အွင်း ... ကိုယ်စောင့်နေမယ် "

ရှောင်ကျန့် အပေါ်တက်ပြီး အဝတ်အစားလဲနေတုန်း ရိပေါ် ကားထုတ်ထားလိုက်တယ် ။ သေချာစဉ်းစားကြည့်တော့လဲ ရိပေါ် ရှောင်ကျန့်နဲ့ အေးအေးဆေးဆေး အပြင်မသွားရတာ ကြာနေပြီ ..
အိမ်အတွက်လိုအပ်တာတွေကိုလဲ ရှောင်ကျန့်က အနားက city mart မှာ သူ့ဘာသာ သွားဝယ်တာမလို့ ရိပေါ် လိုက်မပို့ရ ... ပြန်တွေးမိမှ ရိပေါ် ရှောင်ကျန့်ကို အားနာသွားတယ် ။ သူ ပျက်ကွက်ခဲ့တာတွေ များနေသေးတာဘဲ .. တတ်နိုင်သမျှ ဖြည့်ဆည်းပေးပေမယ့် 
အချိန်ပေးနိုင်ခဲ့တာ နည်းခဲ့တယ်လေ ...

အတွေးလွန်နေတုန်းမှာ ရှောင်ကျန့်ဆင်းလာတာမလို့ နှစ်ယောက်အတူ အပြင်ထွက်ခဲ့ကြတယ် ။
mall ထဲမှာ လျှောက်သွားရင်း သဘောကျတဲ့ ပစ္စည်းလေးတွေတွေ့ရင်လဲ ဝယ်ရင်းပေါ့ ...
ရိပေါ် company မသွားတဲ့ တစ်ရက်လုံး အပြင်ထွက်လည်ကြပြီး နောက်ဆုံး ညစာပါ စားပြီးမှ အိမ်ကို ပြန်ခဲ့ကြတယ် ။ 

One of a kind ( Completed ) Donde viven las historias. Descúbrelo ahora