Episode 3

4.7K 277 1
                                    

One of a kind ( episode 3 )

Zawgyi
-----------

ဝမ်ပါးနဲ့ ရှောင်းပါးတို့က လုပ်ငန်းတွဲဖက်တွေဆိုတာ သိလိုက်ရသည် ။ ဘာလို့ သိရတာလဲဆိုတော့ လုပ်ငန်းကိစ္စပြောရင်း မိသားစုနှစ်ခု ဆုံပြီး ထမင်းစားတုန်းကပင်....
ထမင်းစားရင်းပင် ရှောင်ကျန့်နဲ့ ရိပေါ်တို့ ရန်ဖြစ်နေကြ၍ မိဘများကတော့ ဒီကလေးနှစ်ယောက် ဘယ်တုန်းထဲက အဲလို အမြဲသတ်နေတာလဲ ဟုပင် မေးယူရသည်လေ ။

ဝမ်ရိပေါ်တစ်ယောက် ဝမ်ပါး ဆီမှာ အလုပ်သင်ရင်း ဝင်လုပ်နေတာ သုံး လေး လခန့် ရှိပြီ ။ ကျောင်းတစ်ဖက် အလုပ်တစ်ဖက်နဲ့ မလို့ ရှောင်ကျန့်တို့ အဖွဲ့တွေနဲ့ တွေ့ချိန်ဟာ နည်းသွားရသည် ။ ရှောင်ကျန့်တစ်ယောက်ကတော့ အလုပ်သင်ရင်း လုပ်ခိုင်းသည်ကို မလုပ်ချင်လို့ငြင်းလို့ကောင်းတုန်းပင် ။

" ကျန့်ကျန့် ပါးဆီမှာ အလုပ်ဝင်တော့လေ သား "

" ပါးကလဲ ကျန့်ကျန့်က ခုမှ ကျောင်းတက်နေတုန်းကို "

" သားရယ် ရိပေါ်လေးတောင် သူ့ပါး ဆီမှာ အလုပ်ဝင်နေပြီဆို "

အလုပ်ကိစ္စတွေဆို ဝင်မပါတတ်သည့် ရှောင်မားကပါ ဝင်ပြောလေတော့ ....

" မားကလဲ အဲတာရိပေါ်လေ ကျန့်ကျန့်မှမဟုတ်တာကို ကျန့်ကျန့် က ကျန့်ကျန့် ရိပေါ် က ရိပေါ် လေ မားရဲ့ "

" ရိပေါ်လေးကလဲ သူ့ပါးလုပ်ငန်းတွေကို ဆက်ခံရမှာ
သားကလဲ ပါးလုပ်ငန်းတွေကို ဆက်ခံရမှာလေ ကျန့်ကျန့်ရယ်
သားရဲ့ မားဆို ဘယ်တုန်းက သားမလုပ်ချင်တာကို အတင်းလုပ်ခိုင်းဖူးလို့လဲ ခုဟာက လုပ်သင့် လုပ်ထိုက်တဲ့ကိစ္စမလို့ကို "

ရှောင်းရှောင်ကျန့်လေး ပျော်မနေတော့ဘူးနော် ။ အဲဒီ ပါးနဲ့မားဟာလေ ရိပေါ်ကိုဆို သိပ်အကောင်းပြောဘဲ ။

^ ဝမ်ရိပေါ် မကောင်းတဲ့အကောင် မင်းကြောင့် ငါအပြောခံနေရပြီ မင်းနဲ့ ငါနဲ့တော့ တွေ့အုံးမယ် ^

" ဟာ တော်ပြီဆို ပါးနဲ့မားကလဲ
ကျန့်ကျန့်ကျောင်းပြီးမှ အလုပ်လုပ်ချင်တယ်လို့
နော် .... သား ကျောင်းတက်နေတုန်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးလေးဘဲ နေချင်လို့ပါ ကျန့်ကျန့် ကတိပေးတယ်
ကျောင်းပြီးတာနဲ့ လုပ်ငန်းမှာ အကောင်းဆုံးကြိုးစားမယ်လေနော် ..နော် ပါး "

One of a kind ( Completed ) Dove le storie prendono vita. Scoprilo ora