Episode 21

1.7K 98 7
                                    

One of a kind ( episode 21 )

Zawgyi
-------------

" Congratulations အားယွမ်လေး "

" ဟုတ်ကဲ့ ပါးပါး ကျေးဇူးပါ .. "

" ငါ့သားကြီးတောင်ဘွဲ့ရသွားပြီဘဲ .. အင်း daddy စိတ်ထဲမှာ ကလေးလေးလို့ ထင်နေတုန်း '

" ကျွန်တော် ဘယ်အရွယ်ရောက်ရောက် ပါးပါးနဲ့ daddy တို့ရဲ့ ကလေးလေးပါဘဲ ... "

" ဟားဟား ဟုတ်ပါပြီကွာ .. "

" ကိုကို ဂုဏ်ပြုပါတယ် "

" ကျေးဇူး ယွီလေး .. ယွီလေးလဲ ဆရာဝန်ကောင်းတစ်ယောက်ဖြစ်အောင် သေချာကြိုးစားရမယ်နော် .. "

" ဟုတ်ကဲ့ စိတ်ချပါ ကိုကို "

အားယွမ်လေး ဘွဲ့ယူတဲ့နေ့မလို့ မိသားစုအစုံအလင်ကျောင်းကို လိုက်လာကြခြင်း ... အားယွီလေးကတော့ နောက်ထပ် နှစ်နှစ်ကျန်နေသေးတယ် ။ သားဖြစ်သူကို ပီတိဖြာတဲ့ မျက်လုံးတွေနဲ့ ကြည့်နေတဲ့ အဖေနှစ်ယောက်ရယ် .. ဘွဲ့ဝတ်စုံဝတ်ထားတဲ့ ကောင်လေးက သူ့ daddy ကိုဖက်ပြီး ချွဲနေတာလေးရယ် .. ဘေးနားက ကောင်မလေးကလဲ သူတို့ ပါးပါးရဲ့ လက်ကိုတွဲပြီး အစ်ကိုဖြစ်သူကို ဂုဏ်ယူတဲ့ မျက်လုံးတွေနဲ့ ကြည့်နေရှာတယ် ။ အင်း သိပ်ကိုလှတဲ့မြင်ကွင်းလေးပါဘဲ ... မိသားစုဆိုတဲ့ စကားရဲ့ အဓိပ္ပာယ်ကို ကောင်းကောင်းကြီး ဖော်ပြထားနိုင်တယ် ။ ဘေးနားက လူတွေကလဲ ခပ်ချောချောအမျိုးသားနှစ်ယောက်ရယ် ... ဘွဲ့ဝတ်စုံနဲ့ကောင်ချောလေးရယ် .. ပြီးတော့ ဂါဝန်ဖြူလေးနဲ့ကောင်မလေးရယ် အဲဒီလူလေးယောက်ကိုကြည့်ပြီး သူတို့ဆီမှာ ပျော်ရွှင်ခြင်းတွေကို မြင်နေရတယ် ။

×××××

ဘွဲ့ယူပြီးနောက်တစ်နေ့မှာဘဲ ရိပေါ်ရဲ့ ပြောစရာရှိတယ်ဆိုတာကြောင့် ဧည့်ခန်းထဲမှာ မိသားစုတွေ စုံနေကြတယ် ။

" အားယွမ် ..Daddy သားက ဘွဲ့လည်းရပြီးပြီ .. လုပ်ငန်းသဘောတရားတွေလဲ အတော်လေး နားလည်နေပြီဆိုတော့ daddy က အားယွမ်ကို လုပ်ငန်းတွေ လွှဲပေးချင်တယ် ... ဒါပေမယ့် .. "

ပြောလက်စ စကားကိုရပ်ပစ်လိုက်တဲ့ ရိပေါ်ကြောင့် အားယွမ်ကဘဲ စကားကိုဝင်ထောက်ပေးတယ် ။

One of a kind ( Completed ) Tempat cerita menjadi hidup. Temukan sekarang