One of a kind ( episode 10 )
Zawgyi
-----------" ယောက်ျားရေ "
" ဗျ...ကျန့်ကျန့်လေး "
" အွင်း ဟောက်ရွှမ်းတို့တောင် မနက်ဖြန်ဆို လက်ထပ်ကြတော့မယ်နော် .. "
" အင်းလေ ဘာဖြစ်လို့လဲ ကျန့်ကျန့်ရဲ့ ... "
တစ်ညလုံး စကားထိုင်ပြောနေကြပြီး မနက်ရောက်တော့ ဟောက်ရွှမ်းတို့ လေးယောက်လုံး ပြန်သွားပြီမလို့ ရိပေါ်လဲ မနေ့က မပြီးတဲ့ အလုပ်တွေဆက်လုပ်နေတုန်း ဘေးနားလာထိုင်ပြီး စကားကပ်ပြောကာ ချွဲနေတဲ့ ရှောင်ကျန့် ...
" ဘာရယ်လဲ မဟုတ်ပါဘူး သူတို့အစား ပျော်လို့ "
" မသိပါဘူးကွာ ကိုယ်က ကျန့်ကျန့်လေးကများ နောက်တစ်ခါ ထပ်ပြီး မင်္ဂလာဆောင်ချင်နေတာလားလို့ "
" ဝမ်ရိပေါ် ... "
" အဟဲ ကိုယ်က စတာကိုကွာ "
" ထားပါတော့ ... မင်းသိလား "
" ဟင့်အင်း မသိဘူး ကျန့်ကျန့်မှ ပြောမပြတာ "
" ရိပေါ် မင်းတော့ ... "
" အိုခေ ကိုယ်မစတော့ဘူး ကိုယ့်ယောက်ျားလေး ဆက်ပြော 😁 "
ရိပေါ် ဆက်မစရဲတော့ ။ ဆက်စနေရင် ရှောင်ကျန့်တစ်ယောက် အသေကောက်တော့မှာကို မြင်ယောင်နေတာကြောင့်ပင် ။
ပုံမှန်ဆို ရှောင်ကျန့်က ရိပေါ်ကို စိတ်ကောက်ရင်လဲ စိတ်ရှည်လက်ရှည်ချော့နေကြပေမယ့် ဒီနေ့ကတော့ အလုပ်တွေအကုန် လက်စသတ်ရမှာမလို့
ရိပေါ် မအားတာကြောင့်ပင် ။" ငါ ကျိရန်ကို တကယ်ချီးကျူးတယ်လို့ "
" အွင်းး ကိုယ်ရောပဲ
သူအဲဒီလို ဆုံးဖြတ်ရဲလိမ့်မယ် မထင်ထားဘူး "" ဟုတ်တယ် ကျိရန်က အေးတိအေးစက်ပုံစံလေးနဲ့
ဆုံးဖြတ်ချက်တော့ တကယ်ပြတ်သားတယ်နော်... "" ဟုတ်တယ် မနေ့က ဟောက်ရွှမ်းကတောင် ပြောနေသေးတယ်
သူတောင်မယုံနိုင်ဘူးတဲ့ ..."" အင်းပေါ့ ... ပြီးတော့ ဖြစ်သွားတာတွေက ရုတ်တရက်ကြီးလေ
အော် ဒါနဲ့ မနက်ဖြန် ရုံးသွားမှာလား "
YOU ARE READING
One of a kind ( Completed )
Fanfictionကိုယ့်အပေါ် မဆိုးတော့ အနိုင်မယူတော့မှာကိုဘဲ ကိုယ်ကကြောက်တာပါ .. ဆိုးလွန်းလို့ ပစ်သွားမယ်ဆိုတဲ့ အတွေးမျိုး လုံးဝမတွေးနဲ့ ကျန့်ကျန့်လေး မင်းက ကိုယ့်အတွက် တစ်ယောက်တည်းသောသူဘဲ .. #Wang_Yibo ငါဆိုးလွန်းလို့ မင်းစိတ်ပျက်သွားမှာမျိုး မလိုချင်ဘူး ရိပေါ်...