Episode 13

2.1K 134 1
                                    

One of a kind ( episode 13 )

Zawgyi
-----------

" ရှောင်ကျန့်ရား ရှောင်ကျန့် မပြီးသေးဘူးလားကွာ "

အောက်ထပ်ကနေ အသံပြဲကြီးနဲ့ အော်နေတဲ့ ယွီပင်းကြောင့် ရှောင်ကျန့် အောက်ထပ်ကို အပြေးဆင်းလာလိုက်တယ် ။

" ပြီးပါပြီကွာ မင်းတို့ကလဲ ... လောလိုက်တာ "

" ခရီးသွားမှာမှန်း သိရဲ့သားနဲ့ စောစောစီးစီးမထဘူး
ရိပေါ်ကရော မနှိုးဘူးလား ... "

" သူကနှိုးတယ် .. ငါက ခဏဆိုပြီး ပြန်အိပ်လိုက်တာ ဟီး "

ရှောင်ကျန့် ယွီပင်းနဲ့ စကားပြောနေတုန်း ရိပေါ်က kitchen ထဲက ထွက်လာပြီး ...

" ကျန့်ကျန့် လာ မနက်စာစားရအောင် ... ကိုယ်ပြင်ပေးထားပြီးပြီ .. "

" အွင်း လာပြီ .. ဘာတွေလုပ်ထားတာလဲ "

" ပေါင်မုန့်မီးကင်လုပ်ထားတယ် ..
ပြီးတော့ ဒီနေ့တော့ နွားနို့ ဘဲသောက်နော် ..
ကော်ဖီ မသောက်နဲ့တော့ "

နွားနို့ဆိုတဲ့ အသံကြားလိုက်တော့ ရှောင်ကျန့်တစ်ယောက် နှာခေါင်းရှုံ့သွားတယ် ။ သူက ကော်ဖီပူပူလေး သောက်ချင်တာလေ .. အခုတော့ ဝမ်ရိပေါ်ရဲ့ မနက်စာ ပြင်ပေးမှူအောက်မှာ သူနွားနို့သောက်ရတော့မယ် ။
မျက်နှာလေး မဲ့သွားတာကို မြင်ဖြစ်အောင် မြင်လိုက်တဲ့ ရိပေါ်က တစ်ချက်ရယ်လိုက်ကာ ..

" ကျန့်ကျန့် ခရီးသွားခါနီး ကော်ဖီသောက်ရင် နေမကောင်းဖြစ်တတ်တာ ကိုယ့်ကိုယ်ကို သိသားနဲ့ကွာ .. အဲဒါကြောင့် ကိုယ်က နွားနို့ စီစဉ်ပေးထားတာ .. နွားနို့ကိုဘဲ ကုန်အောင်သောက်နော် "

" အင်းပါ .. ငါ့ဘာသာတောင် မေ့နေတာ 😁 "

" ဖြစ်ရမယ် .. ကဲပါ စားတော့လေ
ဟောက်ရွှမ်းတို့လဲ စောင့်နေရတာ ကြာနေလိမ့်မယ် .. တော်ကြာ မပြီးနိုင်လို့ဆိုပြီး အသံပြဲကြီးနဲ့ ထအော်နေအုံးမယ် "

ရှောင်ကျန့်နဲ့ ရိပေါ်တို့ နှစ်ယောက်သား မနက်စာစားနေတုန်း ဟောက်ရွှမ်းတို့ လေးယောက်က ဧည့်ခန်းထဲမှာ ထိုင်စောင့်နေကြတယ် ။
မနက်စာစားရင်း ပလူးနေတဲ့ အချစ်ငှက်နှစ်ကောင်ကို မြင်ပြင်းကပ်တာလဲပါတာပေါ့ ...

One of a kind ( Completed ) Место, где живут истории. Откройте их для себя