Episode 20

2.1K 103 2
                                    

One of a kind ( episode 20 )

Zawgyi
-------------

" အားယွမ် အားယွီ ပါးပါးကလေးလေးတွေ မပြီးကြသေးဘူးလား ... ဒီမှာ သားတို့ daddy စောင့်နေရတာ ကြာနေပြီလေ "

အချိန်တွေကုန်လာလိုက်တာ အမြွှာလေးတို့တောင် အထက်တန်းကျောင်းသားတြွေဖစ်ကုန်ကြပြီ ... လူတွေကသာ အထက်တန်းရောက်ကုန်ကြတာ ရှောင်ကျန့်နဲ့ရိပေါ်တို့ရှေ့ဆို ကလေးလေးတွေလိုဘဲ .. အားယွမ်လေးက ရိပေါ်ငယ်ငယ်ကနဲ့ တစ်ပုံစံထဲ အားယွီလေးကတော့ ပိုပြီး ချွဲတတ်လာတယ် ။ အခုလဲ ကျောင်းကို daddy လိုက်ပို့ပါ ဆိုတာကြောင့် ရိပေါ် အလုပ်မသွားသေးဘဲ စောင့်နေရခြင်း ...

" လာပြီ ပါးပါး .. အဟီး daddy စောင့်ရတာကြာသွားလား "

" ရပါတယ်ကွာ ... daddy ကလေးတွေ အေးဆေးလုပ်ပါ
ကျန့်ကျန့်ရော လိုက်အုံးမှာလား ... "

" ကလေးတွေက မင်းကိုလိုက်ခိုင်းတာလေ ငါ့ကို လိုက်ပို့ခိုင်းတာမှ မဟုတ်တာ "

" Haha ကျန့်ကျန့်ကတော့ကွာ ... အင်း ကိုယ့်မှာ ကလေးက နှစ်ယောက်ရှိတာလား သုံးယောက်ရှိတာလားဘဲ "

" ရိပေါ် မင်းနော် .. "

" ပါးပါးကလဲ အားယွီတို့က ပါးပါးရော daddy ရောလိုက်ပို့ရင် ပိုပြီးပျော်တာပေါ့လို့ ... "

" ဟုတ်တယ် ပါးပါးရော လိုက်ခဲ့နော် "

" ကဲ ဘယ်လိုလဲ ရှောင်းပါးပါး .. လိုက်မှာလားဗျ .. ပြီးရက်  company ပါ လိုက်ခဲ့လေ shareholder meeting လိုက်တက် "

" ဟုတ်ပြီကွာ လိုက်ခဲ့မယ် .. meeting ကတော့ စိတ်ပါရင်ပေါ့  "

" အရူးလေး .. ကလေးတွေတောင် အထက်တန်းရောက်နေပေါ့ မင်းလေးက အခုထိ အလုပ်လုပ်ရမှာပျင်းတုန်း "

" ဘာဖြစ်လဲ ငါ့ကိုရှာကျွေးမယ့် ငါ့ယောက်ျားတစ်ယောက်လုံး ရှိနေတာဘဲ "

အားယွမ် " .... "

အားယွီ " .... "

အမြွှာလေးတွေမှာ အဖေနှစ်ယောက်ရဲ့ အကဲပိုမှုတွေကို ငယ်ငယ်ထဲက အခုချိန်ထိ မြင်နေခဲ့ရတာမလို့ မထူးဆန်းတော့ .. daddy ဝမ်ကလဲ အမြဲတမ်း စနောက်နေတတ်သလို ပါးပါးရှောင်းကလဲ မထင်ရင်မထင်သလို ro နေကျ ... အဲဒါကြောင့် daddy နဲ့ ပါးပါး တို့ရဲ့ အကဲပိုနေမှုကို မသိချင်ယောင်ဆောင်နေတော့တယ် ။

One of a kind ( Completed ) Место, где живут истории. Откройте их для себя