Episode 5

4.2K 223 2
                                    

One of a kind ( episode 5 )

Zawgyi
-----------

" ဝေ ဖန်ရှင်း လာမယ့် Sunday
ငါနဲ့ ကျဲ ချိန်းထားတယ် "

" အော် ဟုတ်ပီ ရိပေါ်  "

" အဲတာ ဟောက်ရွှမ်းတို့ကိုရော မင်းပဲပြောပြီး စီစဉ်လိုက်တော့
ဟောက်ရွှမ်းဖုန်းက ကျိရန်နဲ့ပြောနေတာထင်တယ် သူ့ဖုန်းကို ခေါ်နေတာ မအားလို့ "

" အေးပါ sunday မနက်ပိုင်းလား ညနေလား "

" မနက်ပိုင်း ဖန်ရှင်း
ဆိုင်က < TreeHouse Cafe' > "

" အာ ဟိုဆိုင် ဟုတ်ပြီ "

" အင်း အဲတာလှမ်းပြောတာ အလုပ်သွားရအုံးမှာမလို့  ဒါဘဲနော် "

" အိုခေ အိုခေ "

ရိပေါ်လဲ ဖန်ရှင်းဆီဖုန်းဆက်ပြီးတော့ အလုပ်သွားရန် ပြင်လိုက်တော့သည် ။
ရိပေါ်တို့ အဖွဲ့တွေက ဒီတစ်နှစ်ပြီးရင် ဘွဲ့ရပြီလေ ။ ရိပေါ်လဲ ပါးအလုပ်မှာ အသားကျနေပြီ ။ အခုလဲ Wang group နဲ့ Xiao group တို့ ပေါင်းပြီး project တစ်ခု လုပ်ဖို့ရာအတွက် meeting ရှိတာမလို့ ရိပေါ်သွားရအုံးမည် ။ ပုံမှန်ဆို CEO နဲ့ အတွင်းရေးမှူး သာတက်ကြရပေမယ့် ရိပေါ်ကတော့ လွှဲပြောင်းယူခါနီးမလို့ သိထားသင့်သည်ဆိုကာ လိုက်ရခြင်းပင် ။

××××××××××

" သား ကျန့်ကျန့် ရေ
ဒီမှာ သားသူငယ်ချင်းတွေ ရောက်နေတယ်
ဆင်းလာခဲ့အုံး "

" ဟုတ်မား သားလာပြီ "

ရှောင်ကျန့်လဲ ရှောင်းမားခေါ်သံကြောင့် အောက်ထပ်ကို ဆင်းလာလိုက်သည် ။ အစက ယွီပင်းနဲ့ ကျိရန် နှစ်ယောက်ထဲထင်ထားပေမယ့် ဟောက်ရွှမ်းနဲ့ ဖန်ရှင်းကိုပါ တွေ့လိုက်ရတော့ အံ့သြသွားကာ .....

" ဝေ့ ဒီနေ့တော့ လူစုံတက်စုံပါ့လား ရိပေါ်ရော မပါဘူးလား "

" ရိပေါ်လား ?? သူက အလုပ်မှာ အရေးကြီး အစည်းအဝေးရှိလို့ဆိုလားဘဲ "

ဖန်ရှင်းက ပြောတော့ မုန့်တွေ စားဖို့ လာပို့ပေးတဲ့ရှောင်းမားက ....

" ဟုတ်တယ်လေ ကျန့်ကျန့်
ဒီနေ့ ရိပေါ်တို့ Wang Group က သားပါးပါးတို့နဲ့ project အသစ်အတွက် meeting ရှိတယ်ပြောတယ်
အဲတာ ရိပေါ်လေးပါ လိုက်ရတာနေမှာပေါ့ "

One of a kind ( Completed ) Tempat cerita menjadi hidup. Temukan sekarang