Dear Lavender pt.2

358 48 48
                                    

Unicode

ကောင်းကင်အပြည့်နေရာယူထားသောတိမ်မည်းများကြောင့် နေမင်းကြီးမှာမပြုံးနိုင်ပေ။ခပ်မိုင်းမိုင်းရာသီဥတုကြောင့်တဲအိမ်စုတ်လေးထဲမှကောင်လေးလည်းစိတ်မရွှင်မလန်းဖြစ်နေလေပြီ။ရာသီဥတုက အသာထား မနက်နိုးကတည်းကပင် ပူညံပူညံ လုပ်နေသောအဖေ့ကြောင့် ထယ်ယောင်းမျက်နှာလေးမှာ ညိုးနွမ်းနေပြီ။ငယ်စဥ်ကတည်းကပင် အမေမရှိဘဲ
အဖေ့အဆုံးအမ၊ အဖေ့အရိပ်အောက်တွင်သာ ရှင်သန်လာခဲ့ရသဖြင့် ထယ်ယောင်း တစ်ယောက် အဖေ့၏စကားများကို မလွန်ဆန်နိုင်သည်မှာတော့ အမှန်ပင်ဖြစ်သည်။

"မင်းအဲ့ဒီ့ ောက်ရေးမပါတဲ့နေရာကိုဆက်သွားနေအုံးမယ်ဆိုရင်ငါ့အိမ်မှာမနေနဲ့၊ထွက်သွား ငါ့အိမ်ရိပ်မှာနေပြီးငါ့စကားနားမထောင်တဲ့ကောင်တွေက ဒီအိမ်နဲ့မထိုက်တန်ဘူး"

"ဟာအဖေကလည်း........ "

"ယောကျားကြီးဖြစ်ပြီးတော့ကွာ တောက်.!
ပန်းကြိုက်တာတဲ့လား ရယ်တောင်ရယ်လိုက်ချင်သေး ငါမွေးထားမိတာ
ယောကျားမဟုတ်ဘူး အခြောက်ဟေ့အခြောက်၊ [ဟိုဆော့] ကလည်းအဲ့နေရာကိုလိုက်ပို့ဖြစ်အောင်လိုက်ပို့လိုက်သေး၊ ဒီကောင်ငယ်ငယ်ကတည်းက
ငမ်းငမ်းတတ် လာဗင်ဒါကို ရူးတာမင်း
မသိတာလဲမဟုတ် တော်ပါပြီ အဲ့နာမည်ကိုပါးစပ်ကကိုမပြောချင်ဘူး သနတယ်"

ဟိုဆော့ဆိုသည်မှာထယ်ယောင်းနှင့်အသက်သိပ်မကွာသော သူ့ဦးလေးဖြစ်သည်။အသက်သိပ်မကွာသော်
ကြောင့် ငယ်ငယ်ကတည်းက ညီအစ်ကိုလိုနေလာကြသူများဖြစ်သည်။

"ကျွန်တော့်ကြောင့် အကိုပါ အဟောက်ခံရပြီ တောင်းပန်ပါတယ် ဗျာ "

ဟိုဆော့ကတော့ မပြုံးတပြုံးလေးပင်။ ဘာလို့လဲဆိုတော့ ဒီလိုအနေအထားတွေကို အရင်ကတည်းက နေသားကျ နေပြီးသားဖြစ်၍ မအံ့သြတော့ပေ။ သို့သော်ထယ်ယောင်းအဖေဒီတခါတော့ တကယ်ဒေါသထွက်နေပုံရသည်။
ဘာကြောင့် အကြီးအကျယ်ကန့်ကွက်နေသည်ကိုလည်းသူသိထားသော်
ကြောင့် ထယ်ယောင်းအဖေကိုလည်း အပြစ်မမြင်မိပါ။

*သွေးကစကားပြောတယ်ဆိုတာဒါမျိုးပါလား
ဟုပင်သူတွေးလိုက်သေး

Dear LavenderWhere stories live. Discover now