Dear lavender pt.13

128 20 26
                                    

Unicode

အန်ဒရူး သခင်လေးအခန်းထဲကနေ ထွက်လာခဲ့ပြီး အောက်ထပ်ကို ဆင်းလာလိုက်သည်။ထိုအခါ အောက်ထပ်မှာ
သူ့အားစောင့်နေသော ရစ်ဒယ်က
"အန်ဒရူး"

"ပြောစရာရှိလို့လားရစ်ဒယ်"
အန်ဒရူးအသံက တည်တည်ငြိမ်ငြိမ်ပင်။
ထို့အပြင်သူ့ပုံစံက ရစ်ဒယ် ပြောမယ့်စကားကိုတောင် သိနေသလို...။

"ဟို ဟိုကောင်လေး"

"သြော်...ထယ်ယောင်းလား"

"သူ့နာမည်ကထယ်ယောင်းတဲ့လား"

"အင်းပြီးတော့သူကအိမ်မက်ထဲကလိုမဟုတ်ဘူး"

"ကျွန်တော်သတိထားမိပါတယ်အဲ့တာကြောင့်ပဲဂျွန်ကသတ်မပစ်ခဲ့တာထင်တယ်"

"ဒါကတော့သူ့ကံပေါ့"

"ဒါဖြင့်သူကဟေဇီကိုဘယ်လိုရောက်လာတာလဲ"

"သခင်လေးကိုယ်တိုင်ခေါ်လာခဲ့တာ"

"ဘာ ဂျွန် ဂျွန်ကဟုတ်လား"
ရစ်ဒယ် မျက်ခုံးများ တွန့်ချိုးသွားသည်။
အလိုမကျ၍မဟုတ်...အံ့သြသွားမိခြင်းသာ။

"သခင်လေးသူ့ကိုချီပြီးခေါ်လာတဲ့
နေ့တုန်းက
ခင်ဗျားအခုဖြစ်နေတာထက်ကိုကျွန်တော်ကပိုအံသြခဲ့ရတာပါ"

"ဂျွန်ကသိပ်အမျက်ကြီးတဲ့လူပါ
ကဲကိစ္စတွေကတော့ ဆန်းကုန်ပြီ
အန်ဒရူးရေ
ကျွန်တော်တော့သွားအနားယူတော့မယ်"

နှစ်ယောက်ထဲသာနားလည်နိုင်သော စကားဝိုင်း အပြီးမှာတော့ ရစ်ဒယ်သည်နေရာကနေ ထွက်ခွာသွားသည်။ထိန်းချုပ်မှုမဲ့နေသော
အန်ဒရူး၏အတွေးများကတော့
လွန်ခဲ့တဲ့သုံးနှစ်ဆီသို့........။

သခင်မကြီးဆုံးပါးသွားကတည်းက
အရယ်အပြုံးမရှိခဲ့သော သခင်လေးသည် အဲဒီနေ့က ထူးထူးဆန်းဆန်း
ပြုံးပျော် နေခဲ့သည်။
အကြောင်းအရင်းကို မေးကြည့်မိတော့ အိမ်မက်တစ်ခုကြောင့်တဲ့။
ဟုတ်ပါရဲ့ အဲဒီအိမ်မက်ကပဲ သခင်လေးကို ပြုံးပျော်စေခဲ့သလို၊အခုလိုကြမ်းတမ်းတဲ့ပုံစံကိုလည်း ပြောင်းလဲပေးခဲ့တယ်။

Dear LavenderWhere stories live. Discover now