Unicode
✉တောင်တန်းကိုကျောပေးထားကာ
မြင့်မားသည့်တောင်စောင်းကြီးနဲ့အတူမားမားမတ်မတ်ရပ်တည်ထားတဲ့
ဟေဇီ၏အနေအထားကသိပ်ကို
ခမ်းနားထည်ဝါလွန်းသည်။တောင်စောင်း၏အချွန်အထက်တွေနဲ့အပြိုင်ထိုးထွက်နေသည့်စံအိမ်တော်ရဲ့အစိတ်အပိုင်းတွေကတစ်ခါတလေတွေးမိရင်လန့်စရာတော့အကောင်းသား။ဆေးရောင်မလိမ်းခြယ်ထားသောဟေဇီကိုနီညိုရောင်တောပန်းလေးတွေကရစ်ပတ်ကာအလှဆင်လျက်။
အစိမ်းရောင်နွယ်ပင်တွေနဲ့အတူရေညှိအနည်းငယ်တက်နေသည့်လှေကားထစ်တွေကိုကျော်ကာကြည့်ရင်
လူသုံးယောက်စာထုထည်နှင့်အမြင့်ရှိသောတံခါးမကြီးကခြောက်ခြားဖွယ်ကောင်းစွာ ကြိုဆိုနေသည်။အကျည်းတန်လှသည့်တံခါးကြီးနဲ့မလိုက်ဖက်စွာပင်လယ်ပြာရောင်တောက်ပနေသောတံခါးလက်ကိုင်လေးကတံခါးကြီးရဲ့အလေးချိန်ကိုထိန်းထားသည်မှာသူ့ကိုအထင်မသေးသင့်ကြောင်းပြောပြနေသလို။ကြောက်စရာကောင်းသော၊
အကျည်းတန်သော၊
ခမ်းနားထည်ဝါသောစသည့်အမျိုးမျိုးသောခံစားချက်များအတွင်းချစ်ဖို့ကောင်းသောတံခါးလက်ကိုင်လေးကိုမြင်ရချိန်တွင်ရင်ထဲတွင်အပြုံးပန်းအနည်းငယ်ဝေလိုက်မိသည်။သို့သော်ပင်လယ်ပြာရောင်လက်ကိုင်ကိုတွန်းလိုက်ချိန်မှာတော့
ထယ်ယောင်းရင်ထဲရှိအပြုံးပန်းလေးတွေအနည်းငယ်အမှောင်ဖုံးသွားသည်။
ရင်ဘက်ထဲတွင်သာမကလောကတစ်ခုလုံးအမှောင်ဖုံးသွားသည်ဟုဆိုလျှင်လည်းမမှားပေ။မီးရောင်တစ်ရိပ်လေးမှ
မတွေ့ရဘဲအမှောင်အတိဖြစ်နေသော
ဧည့်ခန်းမကြီးကို မျက်နှာကျက်မှထိုးဖောက်နေသောနေရောင်လေးက အလင်းပေးလျက်။သေသေချာချာနေရာအနှံလိုက်ကြည့်မှ ပြတင်းပေါက်တွေအများကြီးရှိနေသည်ကို
သတိထားမိသည်။ပြတင်းပေါက်တွေကို မှန်အတိပြုလုပ်ထားပြီး အနီရောင်လိုက်ကာများဖြင့်ဖုံးအုပ်ထားသည်။
ထယ်ယောင်းလိုက်ကာတွေအကုန်လုံးကိုဖွင့်လိုက်ချိန်မှာတော့
နေရောင်ခြည်ဟာအတိုးချကာဧည့်ခန်းအတွင်းသို့နေရာယူလာပြီး
ပိန်းပိတ်မှောင်နေသောအခန်းဟာအလင်းအတိဖြစ်သွားပါတော့သည်။
YOU ARE READING
Dear Lavender
Fanfictionအဆုံးမရှိသောအမုန်းဟူသည် အဆုံးမဲ့သောချစ်ခြင်းတွေ၏ စတည်ရာ.........။ နာကျင်ခြင်းဖွဲ့သောအဆုံးသတ်တွေဟာ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတွေ၏ မြစ်ဖျားခံရာ........။ ဤဇာတ်လမ်းတွင်ပါဝင်သော နေရာ၊ဒေသ၊အဖွဲ့အစည်းနှင့် ဇာတ်ကောင်အချို့တို့သည် သမိုင်းဖြစ်ရပ်နှင့်မသက်ဆိုင်ဘဲ ...