Unicode
✉အဆုံးမရှိသောအမုန်းဟူသည်
အဆုံးမဲ့သောချစ်ခြင်းတွေ၏
စတည်ရာ.........။
နာကျင်ခြင်းဖွဲ့သောအဆုံးသတ်တွေဟာ
ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတွေ၏
မြစ်ဖျားခံရာ...။ဂျောင်းကွတ်အိပ်ယာနိုးလာတော့အဖွားအိမ်အရှေ့ကနေအော်ဟစ်သံတွေကဆူညံလျက်ရှိသည်။မသိချင်ယောင်ဆောင်ပြီးပြန်အိပ်ဖို့လုပ်ပေမဲ့လည်းအသံတွေကအရမ်းဆူနေသောကြောင့်ပြန်အိပ်လို့လည်းမရပေ။စိတ်တိုတိုနဲ့အိမ်ရှေ့ထွက်လာလိုက်တော့လျှပ်တစ်ပြတ်ဆိုတဲ့အချိန်အတွင်းမှာပင်သူ့လက်ကထိုလူ၏လက်ကောက်ဝတ်ကိုတင်းတင်းဆုပ်ကိုင်ပြီးထိုလူ့လက်ကိုလိမ်ချိုးလိုက်သည်။အထိုလူဆိုသည်မှာအဖွားကိုဓားနဲ့ထိုးဖို့ကြံစည်နေသောသူဖြစ်သည်။သူ့ဘေးမှာလည်းလူနှစ်ယောက်ပါလာသေးသည်။
ဂျောင်းကုနိုးလာစဥ်ကြားရသောအသံအချို့အရဒီလူတွေဟာအဖွားရဲ့အကြွေးရှင်တွေဖြစ်ဖို့များသည်။ဂျောင်းကုသည်ကျသွားသောဓါးကိုအမြန်ကောက်ယူလိုက်ပြီးသူ့ကိုလာပြီးတိုက်ခိုက်သောလူများ၏တိုက်ကွတ်များကိုခုခံလိုက်သည်။ရုန်းရင်းဆန်ခက် ဆန်စွာရန်ပွဲတစ်ခုဖြစ်ပြီးနောက်မှာတော့လက်ထဲကဓါးဟာအဖွားကိုဓါးနဲ့ထိုးဖို့ကြံစည်သူ၏လည်ပင်းတည့်တည့်သို့ချိန်ရက်သားဖြစ်နေသည်။ဂျောင်းကွတ်ထိုသူ့ကိုအဆုံးသတ်လိုက်ဖို့တွေးမိသော်လည်းအဖွားအိုရှိနေသော်ကြောင့်ခြေထောက်ဖြင့်သာဆောင့်ကန်လိုက်သည်။ထိုအခါထွက်ပြေးချင်နေသောနောက်လိုက်နှစ်ယောက်နှင့်ထိုလူတို့မှာတစ်ချိုးတည်းပြေးသွားကြလေသည်။မြင်ကွင်းထဲမှထိုသူသုံးယောက်ပျောက်ကွယ်လုနီးပါးအချိန်တွင်
"မင်းလုပ်ရပ်အတွက်နောင်တရစေရမယ်"ဆိုသောအသံကိုဂျောင်းကုရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။အခြေအနေတည်တွေတည်ငြိမ်သွားတော့ကြောက်လန့်ကာလဲကျနေသောအဖွားကိုဂျောင်းကုထူပေးလိုက်သည်။
"အဲ့ဒီလူတွေ လူလေးကိုဒုက္ခပေးကြလိမ့်မယ်သူတို့ခေါင်းဆောင်ကဒီနယ်မြေမှာအာဏာကြီးတယ်"
ခေါင်းညိတ့်ပြလိုက်ပြီးငွေစအနည်းငယ်ကိုပေးတော့အဖွားကတွင်တွင်ငြင်းရှာသည်။
أنت تقرأ
Dear Lavender
أدب الهواةအဆုံးမရှိသောအမုန်းဟူသည် အဆုံးမဲ့သောချစ်ခြင်းတွေ၏ စတည်ရာ.........။ နာကျင်ခြင်းဖွဲ့သောအဆုံးသတ်တွေဟာ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတွေ၏ မြစ်ဖျားခံရာ........။ ဤဇာတ်လမ်းတွင်ပါဝင်သော နေရာ၊ဒေသ၊အဖွဲ့အစည်းနှင့် ဇာတ်ကောင်အချို့တို့သည် သမိုင်းဖြစ်ရပ်နှင့်မသက်ဆိုင်ဘဲ ...