Unicode
"သင်္ခါရအမုန်းတရားတို့
မီးတောက်ဆန်စွာ
မြည်ဟီးလာသည့်အခါ
အချစ်တို့မြည်သည်မြေခကျေမွလို့
နန်းချရသည်""ဘာတွေဆိုနေတာလဲထယ်ယောင်း"
"အာ..မမ အဲလစ်"
"မနက်စာ စားဖို့လာခေါ်တာ
မင်းကချူခြာတယ်မလား""ကျွန်တော်ပန်းခင်းထဲမှာခဏလောက်
နေရောင်ခံချင်လို့ပါ ခဏပါပဲ""အဲ့ပန်းခင်းတွေထဲအကြာကြီးမနေနဲ့
မင်းအတွက် မကောင်းတာ မင်းသိပြီးသား"ဟင်..ထယ်ယောင်းအံသြမိသွားသည်။
သူလာဗန်ဒါတွေနှင့်ဓာတ်မတည့်တာကို
အစ်မကသိနေသည်တဲ့လား..။"ဘယ်လိုလုပ်သိသွားတာလဲ"
"ဂျိုနသန့်ကိုမေးထားတာ.."
အဲလစ်သည်သတိပေးစကားပြောကာ
ဟေဇီအိမ်တော်ဖက်သို့ထွက်ခွာသွားသည်။"သင်္ခါရအမုန်းတရားတို့
မီးတောက်ဆန်စွာ
မြည်ဟီးလာသည့်အခါ
အချစ်တို့မြည်သည်မြေခကျေမွလို့
နန်းချရသည်"သူ၏မေမေပြောခဲ့သောစကားတို့ကို
ထယ်ယောင်းအကြိမ်ကြိမ်ရွတ်ဆိုနေမိသည်။
မေမေပြောသည်ကတော့ထိုစကားများဟာ
သူ့ဘဝ၏ နိမိတ်တဲ့လေ။
သိပ်မှန်သည်ဟုဆိုရမည်။အရှင့်အမုန်းတွေကသိပ်ကြီးမားလွန်းတော့
ကျွန်တော့်အချစ်ပန်းတွေဟာ
မြေခကြွေကျရသည်။
လောင်ကျွမ်းခြင်းအတိဖြင့်ပေါ့။:-:
"အန်ဒရူး"
"ဟုတ်ကဲ့ မဒမ်ဝင်ဒီယာ"
"ဒို့ကို မင်းတို့သခင်လေးက
ဘာကိစ္စအခေါ်လွှတ်လိုက်တာတဲ့လဲ""အားနာပေမဲ့ကျွန်တော်လည်း
သေချာမသိရပါဘူး မဒမ် ခင်ဗျာ့""အဟော် သူဒို့ကိုလွမ်းနေလို့ပဲနေမှာပါနော့်"
"ဟုတ်ကဲ့"
အန်ဒရူးထိုမိန်းကလေးကိုစိတ်ထဲကနေ
နှစ်နှစ်ကာကာ မျက်မုန်းကျိုး မိသည်။
ရုပ်ရည်၊ခန္တာကိုယ်၊နောက်ခံအသိုင်းအဝိုင်း
ပြောစရာမလိုအောင်ပြည်စုံနေသည့်တိုင်
သခင်လေးကို လောဘတက်နေသော
ထိုမိန်းကလေး။
သခင်လေး၏အိမ်မက်ထဲကမိန်းကလေးပေါ့။
BẠN ĐANG ĐỌC
Dear Lavender
Fanfictionအဆုံးမရှိသောအမုန်းဟူသည် အဆုံးမဲ့သောချစ်ခြင်းတွေ၏ စတည်ရာ.........။ နာကျင်ခြင်းဖွဲ့သောအဆုံးသတ်တွေဟာ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတွေ၏ မြစ်ဖျားခံရာ........။ ဤဇာတ်လမ်းတွင်ပါဝင်သော နေရာ၊ဒေသ၊အဖွဲ့အစည်းနှင့် ဇာတ်ကောင်အချို့တို့သည် သမိုင်းဖြစ်ရပ်နှင့်မသက်ဆိုင်ဘဲ ...