Unicode
✉ကောင်းကင်ဘုံရဲ့မြူတွေမြေပြင်သို့ဆိုက်ရောက်သောအခါအေးစက်စက်မိုးစက်တွေအဖြစ်အသွင်ပြောင်းသည်။
တစ်ယောက်သောသူရဲ့အမုန်းကဒဏ်ရာတွေအပေါ်ထပ်လောင်းကျရောက်သောအခါနီရဲရဲသွေးစက်တွေအဖြစ်အသွင်ပြောင်းသည်......။❦
သံတိုင်တွေ ကာရံထားတဲ့ ပြတင်းတံခါးရဲ့နောက်ဝယ် လရောင်ကို မျှော်ကိုးရင်းဖြည်းညင်းစွာအသက်ရှုနေတဲ့ကောင်လေး။ဖြည်းညင်းစွာ အသက်ရှူနေသည်ဟုဆိုသော်လည်း သူ၏ရှိုက်သံက တစ်ခန်းလုံး
အပြည့်နေရာယူနေသည်။သံကြိုးတွေနှင့်တင်းတင်းအချီခံထား
ရသဖြင့်သွေးထွက်လွန်နေသည့်လက်ကောက်ဝတ်တွေအပြင်
မျက်နှာပေါ်ကအက်ကြောင်းရာတွေဟာပြင်းထန်စွာနှိပ်စက်ထားခံမှန်းသိသာနေသည်။
စုတ်ပျက်နေသည့်
ရုပ်အဆင်းကတကယ်ကို
မကြည့်ရက်စရာ။အကုန်လုံးကိုမေ့ဖျောက်ပြီးမျက်လုံးတွေကိုမှိတ်ပြစ်တော့မည်အပြု လရောင်ထိုးနေတဲ့ပြတင်းပေါက်ပေါ်က အရိပ်သေးသေးလေးကရုတ်တရက်အမြင်အာရုံကိုဖမ်းစားလိုက်သည်။
သံကြိုးရှည်တွေကိုဆွဲပြီးအနီးကပ်ကြည့်လိုက်တော့အပြာရောင်လေး..........
အပြာရောင်ငှက်သေးသေးလေး။တကယ်ချစ်ဖို့ကောင်းလွန်းတာကြောင့် ပြုံးလိုက်မိသည်။အလိုက်မသိစွာ လက်ကလေးကိုခါရမ်းပြမိတော့
လက်ညိုးထိပ်လေးပေါ် အသာအယာနေရာယူလာသည်။
အပြာရောင်လေးက
လူမကြောက်တတ်ဘူးထင်ပါရဲ့။သံတိုင်တွေက ငှက်တစ်ကိုယ်စာဝင်နိုင်ခဲ့လို့တော်ပါသေးရဲ့။တစ်အောင့်လောက်ကြာတော့ငှက်ကလေးက ထွက်ခွာသွားသည်။
မဟုတ်ဘူး
ပျံသန်းသွားတာ
ဟိုးအဝေးကြီးကိုပေါ့....။တောအုပ်ထဲကိုလွှတ်လပ်စွာပျံသန်းသွားတဲ့ငှက်ကလေးကိုကြည့်ပြီးထယ်ယောင်း
တွေးမိသည်။
*ဘဝရှင်သန်ခြင်းရဲ့လမ်းစက ငှက်ကလေးတစ်ကောင်ဖြစ်မယ်လို့
ဘယ်သူထင်မှာလဲ* တဲ့.......။✉
နောက်တစ်နေ့မနက်။
တကျီကျီနဲ့မြည်သံတွေကြားလို့
ထယ်ယောင်းခေါင်းမော့ကြည့်လိုက်သည်။
သူ့မျက်ဝန်းတွေမှာလည်း
မျှော်လင့်ခြင်းတွေအပြည့်နဲ့ပေါ့။
YOU ARE READING
Dear Lavender
Fanfictionအဆုံးမရှိသောအမုန်းဟူသည် အဆုံးမဲ့သောချစ်ခြင်းတွေ၏ စတည်ရာ.........။ နာကျင်ခြင်းဖွဲ့သောအဆုံးသတ်တွေဟာ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတွေ၏ မြစ်ဖျားခံရာ........။ ဤဇာတ်လမ်းတွင်ပါဝင်သော နေရာ၊ဒေသ၊အဖွဲ့အစည်းနှင့် ဇာတ်ကောင်အချို့တို့သည် သမိုင်းဖြစ်ရပ်နှင့်မသက်ဆိုင်ဘဲ ...