Dear Lavender pt.12

129 22 25
                                    

Unicode

အဖြစ်အပျက်တွေဟာ မြန်ဆန်စွာပဲပြီးဆုံးသွားခဲ့ပြီးသခင်လေးလည်းလွန်ခဲ့တဲ့
စက္ကန့်ပိုင်းအတွင်းမှာပဲသေမလိုဖြစ်ခဲ့သည်။

ရစ်ဒယ်သည်သခင်လေးလက်ထဲမှာ
ကိုင်ထားသောလက်နက်တွေကို
သူ့လက်ထဲသို့လွဲယူလိုက်သည်။
ထို့နောက်မြင်းမှာတပ်ထားတဲ့
အိတ်ထဲသို့ထည့်လိုက်သည်။
ရစ်ဒယ်ကအိတ်ထဲမှာ
ထည့်ထားတဲ့လက်နက်တွေကို
သေသေချာချာစိုက်ကြည့်နေသည်။
သခင်လေး၏ပဟေဠိဆန်သော
မျက်ဝန်းတွေဟာ
ရစ်ဒယ်ဆိုတဲ့လူသားထံ၌
အဆုံးသတ်သည်။

"ဂျွန်"

ရစ်ဒယ်ကခေါ်လိုက်သော်လည်း သခင်လေးသည်ဘာမှပြန်မဖြေပါ။
အကြောင်းအရင်းမရှိဘဲ လာပြောသောစကားလုံးတွေကိုခွန်းတုံ့မပြန်ခြင်းကား
သူ၏ဝါသနာ။

"ဒီလူတွေကနန်းကျဘုရင်ရဲ့လူတွေပဲ
ဂျွန်"

ထိုမှသာသခင်လေးရဲ့ မျက်လုံးများ
အရောင်တောက်သွားသည်။
စကားဆိုသူရစ်ဒယ်ကတော့
တစ်စုံတစ်ခုကိုကြောက်ရွံနေသယောင်။

"အလကားကောင်တွေ"
သခင်လေးက တောက်တစ်ချက် ခေါက်ကာပြောလိုက်သည်။
ထို့နောက် ခပ်ကျဲကျဲခြေလှမ်းများဖြင့်
ဟေဇီရှိရာအရိပ်အရပ်သို့ ဦးတည်လေသည်။
ရစ်ဒယ်ကတော့မြင်းပေါ်တက်မည့်အစား
မြင်းကြိုးကိုဆွဲကာ သခင်လေးနောက်ကနေလိုက်လာသည်။

လရောင်ဟာချောမောလှသော
ယောက်ျားသားနှစ်ဦးပေါ်သို့
ဂုဏ်ယူဝင့်ကြွားစွာ ကျရောက်နေသည်။

"ဂျွန်ငါဟိုအိမ်မက်ကိုပြန်မက်နေတယ်"

တိတ်ဆိတ်နေတဲ့ အခြေအနေကို
ရစ်ဒယ်ကပဲ ဖြိုခွင်းလိုက်သည်။
သခင်လေးခြေလှမ်းတွေ
ရပ်တန့်သွားပြီး နောက်ကို
လှည့်ကြည့်လာသည်။

"အဲ့ဒီ့အိမ်မက်ထဲကလူ
ဟေဇီကိုရောက်နေတယ်"

သခင်လေးမျက်ဝန်းအိမ်ထဲက
သိသာမနေတဲ့မျက်ရည်စတွေကိုတော့
ရစ်ဒယ်မမြင်ခဲ့ပါ။
သူသိပ်ကိုအံသြသွားမိတာ
သူသာအသိဆုံး။
ဂျွန်ဟာအဲ့လူသားကိုသတ်မပစ်ခဲ့ဘူးလား။
အဲ့ဒီလူကိုဂျွန်ကသိပ်ကိုမုန်းတာလေ။

Dear LavenderWhere stories live. Discover now