Dear Lavender pt.10

129 30 25
                                    


Unicode

ပိန်းပိတ်မှောင်နေသောတောလမ်းလေးထက်ဝယ်တစ်ယောက်သောသူသည်ခြေရာများကိုသိသိသာသာပင်ချန်ထားခဲ့သည်။

ညဟာတဖြည်းဖြည်းအမှောင်ဖုံးလာသည်။သစ်ရွက်အချင်းချင်းရိုက်ခတ်သံ၊အင်းစက်တို့၏အော်ဟစ်သံတို့ကမှောင်မိုက်မှုကိုပိုမိုအားကောင်းစေသည်။သို့သော်လည်း
အဲ့ဒီ့လူသား၏လက်ထဲတွင်မူမီးအိမ်လေးတစ်ခုတောင်မရှိပေ။လမင်းကြီးဟာလည်းသူ့အပေါ်မျက်နှာသာပေးပုံမရပါ။လခြမ်းပဲ့သေးသေးလေးအဖြင့်သာအလင်းပေးနေသည်။

အမှောင်ထဲဝယ်မျက်ကန်းသဖွယ်လမ်းလျောက်နေတဲ့သူ့မျက်နှာထက်ဝယ်ကြောက်ရွံမှုတို့ အဆင်ကင်းဆင်နေလျက်ရှိသည်။

"ရှုပ်လိုက်တာ
အန်ဒရူးကိုခေါ်လာခဲ့ရမှာ"

အမှန်ဆိုသခင်လေးသည်ဒီအချိန်
လူးစီးရက်စ်မြို့ထဲတွင်ရှိနေသင့်သည်
မဟုတ်ပါလား?
သို့သော်သူသည်မြို့တော်သို့မသွားခဲ့ပါ။

အဘယ်ကြောင့်များသွားရမည်နည်း?
မီးရောင်စုံစုံတွေ၊လူအုပ်ကြီးတွေ၊အသံဆူညံညံတွေ...။
အကုန်မုန်းစရာတွေပါ။
မြို့တော်သို့သွားမည်ဆိုတာဟန်ဆောင်အကြောင်းပြချက်တစ်ခုမျှသာ။
တစ်နေရာသို့ထွက်သွားချင်စိတ်ပေါ်လာ၍ဤသို့ဆုံးဖြတ်ချက်ချလိုက်ရခြင်းဖြစ်သည်။
သို့သော်အဲ့ဒီ့နေရာဟာလူးစီးရက်စ်
မြို့ကြီးတော့မဟုတ်ပေ။

ကောင်လေးရောက်လာခဲ့သည့်အချိန်က
စပြီးဟေဇီတွင်သူ့ကိုတစ်စုံတစ်ခုကဆွဲဆောင်နေသလိုခံစားခဲ့ရသည်။
သူသည်မာနမကင်းသောလူသားတစ်ယောက်ဖြစ်၍အဲ့ဒီ့စက်ကွင်းအတွင်းမှလွတ်မြောက်ချင်မိသည်။

"ဒီရှေ့ကိုနည်းနည်းလျောက်ရင်ရွာတစ်ရွာလောက်တော့ရှိလောက်မှာပါ"

တည်ကြည်ငြိမ်သက်သောအသံက
အမှောင်ထဲတွင်ခန့်ညားစွာပေါ်ပေါက်လာသည်။
သခင်လေးခဏရပ်ပြီးခေါင်းလေးဆောင်းကာစဥ်းစားလိုက်သည်။
နောက်တော့တုံ့ဆိုင်းခြင်းမရှိဆက်လက်ခရီးဆက်လေသည်။
အတန်ကြာတော့မီးရောင်မှိန်မှိန်လေးတွေကိုမြင်လာရသည်။
ထိုအရောင်လေးတွေဆီသို့တည့်တည့်လျောက်လာလိုက်တော့ညဈေးတန်းဟုထင်ရလောက်သည့်ဈေးတန်းအရှည်ကြီးကိုတွေ့လိုက်ရသည်။

Dear Lavenderحيث تعيش القصص. اكتشف الآن