Dear Lavender pt.4

232 43 48
                                    

#unicode

မျက်စိရှေ့ မှာတင် တောင်းပန်နေတဲ့
သွေးအလိမ်းလိမ်းနဲ့ လူ၂ယောက်။
သူတို့တောင်းပန်နေတာ ကျွန်တော့်ကိုလား။ တစ်ခါမှ မမြင်ဖူးတဲ့ သူစိမ်းတွေ နဲ့
သွေးခ နေတဲ့ကျွန်တော့်လက်တစ်စုံ။

ဘေးဘီကို ကြည့်လိုက်တော့
ပတ်ဝန်းကျင်ဆိုတာထက်
အနက်ရောင်အတိနံရံတွေနဲ့
ထိုနံရံတွေကြား အကျဥ်းတန်စွာ
စီးဆင်းနေတဲ့ ချောရည်ပူတွေ။

ကြောက်စဖွယ် နောက်ခံနဲ့မလိုက်
ကြည်နူးစဖွယ် မျက်စိရှေ့က စုံတွဲလေး။

သို့သော် ထို ချစ်စရာကောင်းမှုများကို
ဖျက်စီးနေသည်ကား သူတို့
ခန္ဓာကိုယ်ထက် စီးကျနေသော
သွေးတွေ။
ဘာလို့သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ
ကြောက်ရွံမှုဆိုတာ တွေ့နေရတာလဲ
ပြီးတော့ စက်ဆုပ်ရွံရှာမှု။

အတိတ်မှာ ဘာတွေဖြစ်ခဲ့တာလဲ။
မြင်နေရတာတွေက
အတိတ်ဆိုတဲ့အရာများလား။

ကျွန်တော်ဘာတွေလုပ်ထားမိလို့လဲ။
စိတ်နဲ့ကိုနဲ့ ပင် မကပ်နိုင်အောင်
ခေါင်းတွေမူးနောက်နေပြီ။
ပြောစကားနားထောင်ဖွယ်မရှိသော
လက်အစုံက ဘေးက ဓါးကိုကောက်ကိုင်
လိုက်ပြီး ထိန်းချုပ်မှုမဲ့စွာ အရှေ့က
လူ၂ယောက်ကို။

"အားးးးးးးးးးးးးးး"

လန့်ပြီးအော်လိုက်တော့
အစောန တုန်းကမြင်ရတဲ့ နေရာကြီးက
တစ်ခဏချင်းပျောက်ကွယ်သွားသည်။
ခုလည်းနောက်တစ်နေရာကိုရောက်သွားတာလား။
အခုချိန်ထိမေးခွန်း
တွေမေးနေမိပေမဲ့အဖြေပေးမဲ့
သူကတော့ ပျောက်လို့နေဆဲ။

မျက်စိရှေ့မှာ လူ၂ယောက် ထပ်ရောက်နေပြန်သည်။ ဒီတခေါက်တော့မတူပါ။
ဘယ်ဘက်မှာတစ်ယောက်၊ညာဘက်မှာတစ်ယောက်။

ဘယ်ဘက်က တစ်ယောက်က သမားတော်ပုံစံ ပေမဲ့၊ ညာဖက်က
တစ်ယောက်ဝတ်စားထားသည်က
ထူးထူးဆန်းဆန်း ၊ သာမာန်လူအတွက်ကတော့ ပုံမှန်ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့
ကျွန်တော့်အတွက်က တကယ်ထူးဆန်းနေတာ။
ပြီးတော့ မျက်ဝန်းထဲက
ပူပန်မှုတွေကို မပြောပြလည်း
ခံစားနေမိခဲ့။

Dear LavenderWhere stories live. Discover now