Dear Lavender pt.6

153 35 17
                                    

Unicode

အထီးကျန်လွန်းတဲ့ဘဝထဲမှာ
ခက်ခက်ခဲခဲရှာတွေ့ထားတဲ့
ပျော်ရွှင်မှုကိုတစ်စုံတစ်ယောက်
ကဖျက်ဆီးပြစ်တယ်ဆိုရင်
အဲ့ဒီ့လူကိုခွင့်လွှတ်မလား။
အဲ့ဒီ့လူကို ကလဲ့စားချေခွင့်
ရတယ်ဆိုရင်ကော
လက်လွှတ်လိုက်မလား။

ဒီအိမ်ကြီးမှာနေတာ ကြာလာလေလေ ပိုပြီးအထီးကျန်လာလေလေပဲ ဆိုတာရက်တွေကြာလာတာနဲ့အမျှ နားလည်လာရသည်။သတိရစရာတစ်ခုမှမရှိသော်လည်း ညစ်နွမ်းနွမ်းအိမ်စုတ်လေးကိုတော့ လွမ်းရပါသည်။

ဟေဇီမှာရှိတဲ့လူဆိုတာ လက်ချိုးရေလို့ရတဲ့အထိ နည်းလွန်းလှသည်။အိမ်အကျယ်ကြီးမှာ လူမရှိတဲ့အခါ ပိုပြီး အထီးကျန်ရစမြဲ။အဲ့တာတွေထက်
တစ်လ လုံးလုံး သခင်လေးဆိုသူကို
မမြင်ဖူးသေး။သူ့ဝေယာဝစ္စတွေ လုပ်ပေးဖို့ခိုင်းထားပါတယ်ဆို သူကမခိုင်းတော့ တစ်နေကုန်နေမှ လိုက်ကာအဖွင့်အပိတ်ပဲ လုပ်ရတယ်။

အဲ့တာလည်း တစ်မျိုးတော့ ကောင်းပါတယ်။ကျွန်တော့် အချစ်ဆုံးပန်းလေးတွေနဲ့အချိန်ဖြုန်းရတာပေါ့။ကျန်းမာရေးအတွက်တော့ မကောင်းပေမဲ့ပေါ့။

 "မနက်ဖြန်ကစပြီးကောင်လေးကို
ငါ့အခန်းဘေးမှာပဲထားလိုက်"

အမိန့်ဆန်လှသောအိမ်ကြီးသခင်ရဲ့အပြောကိုဘယ်သူမှစောဒက မတတ်ရဲ ကြပါ။

" ပြီးတော့အဲ့ကောင်လေးဒီကိုရောက်လာရင်ဘယ်သူမှ ဒီအထပ်ကိုတတ်မလာနဲ့တော့
ကြားလား"

လူအုပ်မမည်သောလူနည်းစုကို
အထက်စီးဆန်စွာ အမိန့်ပေးနေသူကို မည်သူမှမော်လို့တောင် မကြည့်ရဲကြပါ။သူ၏အမိန့်တွေအားလည်း ငြင်းပယ်နိုင်စွမ်းမရှိကြပေ။

" အန်ဒရူးမင်းကောပဲ
မင်းတောင်မှမလာနဲ့"

အန်ဒရူး မကျေနပ်မိသော်လည်း
'ဟုတ်'ဆိုသည့် စကားမှလွဲ၍
ခွန်းတုံမပြန်နိုင်ခဲ့ပေ။

" တစ်ခုခုဆိုငါအောက်ကိုဆင်းလာခဲ့မယ်
အေ့ ငါမခေါ်ဘဲအပေါ်ကိုတက်လာ
တဲ့သူကတော့.........."

Dear LavenderWhere stories live. Discover now