Unicode
✉"ဟဲ့ ဟဲ့ ဟိုကလေးမ
ငါပြောစရာရှိလို့ လာစမ်း
ဒီကိုမြန်မြန်လာ"
အဲလစ်က အရေးတကြီး
ပြောစရာရှိသည့်
ပုံစံမျိုးနဲ့ အယ်လီနာ ဆီ အပြေးလာကာ စကားစလိုက်သည်။"ပြောစရာရှိတာ နောက်ထား
အသက်လေးဘာလေးအရင် ရှူအုံး
စပ်စုစိန်
မသိရင်ကျားလိုက်ဆွဲတာကျလို့အေ
ရော့ ရေလေးဘာလေးသောက်အုံး"အယ်လီနာကတော့ ဒါမျိုးရိုးနေပြီ
ဆိုသော အကြည့်ဖြင့်တစ်ချက်ကြည့်ပြီး
ရေခွက်ကိုသာ အဲလစ်ဆီ လှမ်းပေးလိုက်သည်။သူ့,သူငယ်ချင်းလေးအမောဖောက်ပြီးသေသွားလို့မဖြစ်။"ဒီလိုဟာ ဟိုနေ့တွေကလာနေကျကောင်လေးလေဒီနေ့
ထပ်ရောက်လာတယ် ""အဲ့တာများဘာဆန်းတာကျလို့ "
အယ်လီနာက ခပ်ဆက်ဆက်ပဲ ခွန်းတုံ့ပြန်လိုက်သည်။ ဘာလို့လဲဆို
အဲလစ်ဆိုသော သူ့သူငယ်ချင်းသည်ရှိသမျှအရာ အားလုံးကို လိုက်စပ်စုပြီး
ပုံကြီးချဲ့ကာ ပြောတတ်သောကြောင့်ပင်။
ဒါကြောင့် လည်း စပ်စုစိန် ဆိုတဲ့ ဘွဲ့ကြီးကို ခိုင်ခိုင်မာမာ ရထားခြင်းဖြစ်သည်။"ဆုံးအောင်နားထောင်အုံးလေဟယ်
ငါက အဲ့ဒီ လာနေကြကောင်လေးကို
ချောင်းနေကျအတိုင်းသွားချောင်းတာပေါ့
ဟီးးး"
အဲလစ်ပြောနေရင်းတန်းလန်း
အယ်လီနာက
ညည်းအကြောင်းငါသိတယ်ဟူသော
အကြည့်နဲ့ ပင် ကြည့်တာခံလိုက်ရသေး။"ငါချောင်းနေရင်းတန်းလန်းနဲ့ကို
သခင်လေးရောက်လာတာဟ ""ဝိုးး သခင်လေးက အဲ့ပန်းခင်းထဲကို သူ့အမေဆုံးပါးသွားကတည်းက အွင့် အင့် "
အယ်လီနာ စကားမဆုံးသေးခင်ပင်
အဲလစ်က သူ့ပါးစပ်ကို အတင်းဖိအုပ်တာကို ခံလိုက်ရသည်။"အဲ့အကြောင်းကို နင့်အပေါက်နေ
နောက်တစ်ခါမထွက်မိစေနဲ့နော် ထွက်ရင်
သခင်လေးလက်ချက်နဲ့ သခင်မကြီးနောက်လိုက်သွားရမယ် မှတ်""အင်းပါ ငါကလွတ်ခနဲ့ ထွက်သွား
လက်ကြီးကလည်းနံတာ ထွီ!
ဒါနဲ့ နင်ပြောမှာက ဒါအကုန်ပဲလား"
DU LIEST GERADE
Dear Lavender
Fanfictionအဆုံးမရှိသောအမုန်းဟူသည် အဆုံးမဲ့သောချစ်ခြင်းတွေ၏ စတည်ရာ.........။ နာကျင်ခြင်းဖွဲ့သောအဆုံးသတ်တွေဟာ ပျော်ရွှင်ဖွယ်ဇာတ်သိမ်းတွေ၏ မြစ်ဖျားခံရာ........။ ဤဇာတ်လမ်းတွင်ပါဝင်သော နေရာ၊ဒေသ၊အဖွဲ့အစည်းနှင့် ဇာတ်ကောင်အချို့တို့သည် သမိုင်းဖြစ်ရပ်နှင့်မသက်ဆိုင်ဘဲ ...