" မြင်မြင်ချင်းအချစ် ဆိုတာကိုယုံလား Hyung "
Felix ရဲ့နှုတ်ခမ်းပါးကထွက်ကျလာတဲ့မေးခွန်းတစ်ခုဟာ Chan ရဲ့နှလုံးသားကိုခွေယိုင်လဲသွားစေတယ်။
မဟုတ်ပါစေနဲ့လို့ လှိုက်လှဲစွာဆုတောင်းနေပေမယ့်လဲ လက်ထဲကထီးနက်လေးကိုငုံ့ကြည့်နေတဲ့ Felix ရဲ့မျက်ဝန်းထဲမှာ အဓိပ္ပါယ်များစွာနဲ့ပြည့်လျှံနေတယ်။" ဘာလို့...အဲ့လိုမေးတာလဲ "
အလဲလဲအပြိုပြိုနဲ့သွေးပျက်နေတဲ့နှလုံးသားနေရာကိုဖိကာ တုန်တုန်ယင်ယင်ဖြေဖြစ်တယ်။
အေးဆေးလွန်းတဲ့ Felix လိုကလေးတစ်ယောက်အတွက် မြင်မြင်ချင်းချစ်မိသွားစေနိုင်တဲ့အလှမျိုးနဲ့ မိန်းကလေးတစ်ယောက်ရှိလာပြီပဲ။
သဘာဝအတိုင်းပဲဖြစ်ပါစေလေ...
နယ်ကျွံနေတဲ့မြတ်နိုးမှုတွေကို တစ်သက်စာ ပိတ်လှောင်လိုက်တော့မယ်။မင်းက ကံသိပ်ဆိုးတယ် Chan
" ယောက်ျားလေးတစ်ယောက်ရော ဖြစ်လို့ရတယ်မလား "
Felix ရဲ့ပထမမေးခွန်းမှာ Chan ရဲ့နှလုံးသား ကျိုးကြေကာ
ဒုတိယမေးခွန်းမှာတော့ ပြန်ကောက်လို့မရလောက်အောင် တစ်စဆီပြန့်ကျဲသွားခဲ့တယ်။Felix ကတော့အပူပင်ကင်းစွာထီးနက်လေးကိုငုံ့ကြည့်နေဆဲ...
" ဖြစ်လို့မရဘူးဆိုရင်တော့ ကျွန်တော်ကပထမဆုံးလူသားပေါ့နော် "
အရွှန်းဖောက်ကာ ထွက်လာတဲ့ Felix ရဲ့ရယ်သံလွင်လွင်ဟာ Chan ရဲ့နားထဲမှာကျယ်လောင်နေတယ်။
သူဖြေစရာမလိုလောက်အောင်ကို Felix မှာအဖြေတွေရှိနေခဲ့တာပဲ။Chan အရင်ကထက်တိတ်ဆိတ်နေတဲ့အတွက် Felix က Chan ရဲ့ရှေ့မှာပိတ်ကာ
မျက်နှာကိုသေချာစိုက်ကြည့်လာတယ်။
ပျက်ယွင်းနေတဲ့မျက်နှာကိုအမြန်ပြင်ကာ" ဘာ..ဘာလဲ "
စကားလုံးလေးနှစ်လုံးတောင်ထစ်ငေါ့သွားရတယ်။
ဒီအခြေအနေအတွက် အများကြီးပြင်ဆင်ထားခဲ့ပေမယ့် Felix ရဲ့အပြစ်ကင်းစင်တဲ့မျက်နှာလေးက Chan ကိုပိုဝမ်းနည်းစေတယ်။ကြိုးစားခွင့်တောင် မရှိတော့ဘူးလား။
' အစကတည်းကရှေ့တိုးခဲ့ရမှာ '
' အစကတည်းက... '
![](https://img.wattpad.com/cover/245610777-288-k605334.jpg)
YOU ARE READING
Ice Cream
FanfictionHyung သိလား? ရေခဲမုန့်တွေဟာ ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေစက်တွေကြောင့်လဲ ပျောက်ဆုံးသွားနိုင်တဲ့အကြောင်း... Hyung သိလား? ရေခဲမုန့်တွေက ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေ...