6

313 43 2
                                    

Felix ရဲ့‌နေ့စဉ်ဘဝထဲကို ထီးနက်လေးဝင်ရောက်လာတဲ့အချိန်မှစကာ အသံတိုင်းကသူ့ရဲ့အသံဖြစ်နိုင်ပြီး အရာတိုင်းက သူဖြစ်နေနိုင်တယ်။
အရိပ်ကလေးတစ်ခုကတောင် Felix ကိုအလွတ်မပေးခဲ့ပါ။

* အဆင်ပြေရဲ့လား *

' မပြေဘူး မိနစ်တိုင်း စက္ကန့်တိုင်းမှာ ခင်ဗျားကိုပဲတွေးမိနေတယ် '

* အားနာပေမယ့် ငါအလျင်လိုနေလို့ *

' အဲ့လိုသာပြောကြေးဆို ကျွန်တော်လဲ ခင်ဗျားကိုတွေ့ဖို့ အလျင်သိပ်လိုနေတယ် '

* ထီးယူထားလိုက် *

" huuu "

သက်မောတစ်ခုကိုချရင်း Felix အိပ်ရာထဲမှာလူးလိမ့်နေမိတယ်။

" ငါ တကယ်ရူးနေပြီပဲ "

မဖြစ်သင့်။
ကိုယ်တန်ဖိုးထားတဲ့အရာတွေကလွဲ ဘာကိုမှစိတ်မဝင်စားတတ်တဲ့ Felix ဟာ မိနစ်ပိုင်းလေးသာ မြင်လွှာထဲရောက်လာသူတစ်ယောက်ကို ဒီလောက်ထိစွဲလမ်းမနေသင့်...

သူပြောခဲ့တဲ့စကားသုံးခွန်းအား တစ်ယောက်တည်းအဖြေတွေပေးရင်း အခန်းထောင့်မှာထောင်ထားတဲ့ ထီးနက်လေးကိုလှမ်းကြည့်မိရင်းနဲ့ အိပ်မပျော်ပါ။

* အိပ်မက်ထဲမှာရော? *

" အားးးးး တော်လိုက်တော့ "

အရင်ကမကြုံခဲ့ဖူးသော ခံစားချက်များကြောင့် ဒေါသထွက်လာကာ အော်ဟစ်သောင်းကျန်းနေမိတယ်။
အားမရတဲ့အဆုံး အခန်းထောင့်ကထီးနက်လေးအပေါ် ဒေါသတွေပုံချဖို့ဆုံးဖြတ်လိုက်တယ်။

" တော်လိုက်တော့ Felix.. မင်း တော်သင့်ပြီ။ ဒါမင်းမဟုတ်ဘူး "

ထီးအား ကုတင်တိုင်နဲ့ရိုက်ချိုးဖို့ပြင်ရင်း လက်ကိုင်ကိုအကြည့်ပို့မိတော့ ထွင်းထားသောစာလုံးလေးတွေကြောင့် လက်တွေကိုရပ်တန့်လိုက်မိတယ်။

" SCB ?? "

" နာမည်အတိုကောက်များလား "

ထွင်းထားတဲ့စာလုံးလေးတွေအပေါ် လက်‌
ချောင်းလေးတွေတင်ထားမိတော့ သူ့ရဲ့အငွေ့အသက်တွေရနေသယောင်...
ထို့အတူ Felix ရဲ့ရင်ခုန်သံတွေဟာလဲ
မိုးလေ‌အေးအေးတွေတိုက်တဲ့ညနက်မှာ ကျယ်လောင်စွာနဲ့...

Ice CreamWhere stories live. Discover now