Hyunjin's POV
" လှလိုက်တာ "
ယောက်ျားလေးတစ်ယောက်ကို လှတယ်လို့ မသုံးသင့်ကြောင်း ဘယ်ကောင်ကစလိုက်မှန်းမသိပေမယ့် ကျွန်တော့်ရဲ့ မြင်ကွင်းလေးကတော့ သောက်ကျိုးနည်းအောင်လှတယ်။
ကဗျာဆန်တဲ့စကားလုံးတွေနဲ့တစ်ဖွဲ့တစ်နွဲ့မပြောတတ်ပေမယ့် ဒီကောင်လေးကတော့ လက်ရာမြောက်ပန်းချီကားချပ်ထဲကခုန်ထွက်လာသလို ပြေပြေပြစ်ပြစ်နဲ့အနုစိပ်ဆန်လွန်းနေတယ်။
အရည်ရွှမ်းနေတဲ့မျက်ဝန်းကြည်ကြည်လေးတွေ...
သဘာဝအတိုင်းလှပနေတဲ့အပြုံးချိုချိုလေးတွေနဲ့...
ဘာဆေးမှမကူပဲရဲနေတဲ့နှုတ်ခမ်းသားလေးတွေကိုတစ်ခေါက်လောက် မြည်းစမ်းကြည့်ချင်ပါရဲ့။
ဖြစ်ညှစ်ချင်စရာကောင်းတဲ့ခါးသွယ်သွယ်လေးပါ ပေါင်းထည့်...အိုး...ကျွန်တော်သူ့ကိုကြိုက်တယ်။
လူရှုပ်နေတဲ့ cafeteria မှာ အမြှီးကုပ်နေတဲ့မြေခွေးလေးလို ဟိုကြည့်ဒီကြည့်နဲ့ကျွန်တော်ခုန်အုပ်ဖို့အဆင်သင့်ဖြစ်နေသလိုပင်။
ကံကြမ္မာကမျက်နှာသာပေးလေတော့
ထိုကောင်လေးက ကျွန်တော့်ရဲ့တစ်ခုံကျော်မျက်နှာချင်းဆိုင်မှာထိုင်လိုက်တဲ့အတွက် ကျွန်တော့်ရဲ့မျက်ဝန်းတွေလက်ခနဲဖြစ်သွားသလို ရင်ထဲလဲဒိန်းခနဲ...
အလှတရားလေးကို အနီးကပ်ခံစားနိုင်လောက်တဲ့အထိ နှလုံးသားကမရင့်ကျက်သေးဘူးထင်တယ်။" Yang Yang-ah Yang Yang-ah "
ကောင်မလေးတစ်ယောက်က ထိုကောင်လေးဆီကို နာမည်တစ်ခေါ်ခေါ်နဲ့အမောတကောပြေးသွားကာ
" Yang Yang-ah ဒါလေးကိုအခန်းထဲမှာစားလို့မရဘူးလား ငါနင့်ဆီကကူးစရာတွေကျန်သေးတယ် "
* Yang Yang.? *
တစ်ခုံကျော်မှာပေမယ့် ထိုကောင်မလေးရဲ့အသံကိုရှင်းရှင်းလင်းလင်းကြားနေရတယ်။
အပြုံးလေးတစ်ခုနဲ့ထိုကောင်မလေးဆွဲခေါ်ရာနောက်ကိုတရွေ့ရွေ့ပါသွားတဲ့ အလှတရားလေးကိုလိုက်ကြည့်နေမိတယ်။ ဝေ့ဝဲလာတဲ့သူ့ရဲ့မျက်ဝန်းတွေနဲ့ အကြည့်ချင်းဆုံသွားတာမို့ သေချာစိုက်ကြည့်လိုက်မိတော့ သူကပဲအရင်အကြည့်လွှဲသွားလေတယ်။ မျက်နှာလေးတောင်ရဲသွားလားမသိ။

YOU ARE READING
Ice Cream
FanfictionHyung သိလား? ရေခဲမုန့်တွေဟာ ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေစက်တွေကြောင့်လဲ ပျောက်ဆုံးသွားနိုင်တဲ့အကြောင်း... Hyung သိလား? ရေခဲမုန့်တွေက ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေ...