8

338 48 5
                                    

BGM - Fox Rain by Lee Sun Hee

" Hyung ရဲ့သွေးကြောကတအားခုန်နေတယ် "

Felix က Chan ရဲ့လည်ပင်းအောက်ကိုလက်နှစ်ချောင်းနဲ့သာသာလေးဖိစမ်းကာ ပြောလာတယ်။

" ကျွန်တော်ရောပဲ "

ကျန်တဲ့လက်တစ်ဖက်ကိုပါ သူ့သွေးကြောပေါ်သူတင်ကာ မျက်လုံးပြူးလေးနဲ့ထပ်ပြောလာသော Felix ကို Chan ဘာမှမပြောဖြစ်...

ထိန်းချုပ်မရ‌သော အရှိန်ပြင်းပြင်းခုန်ပေါက်နေတဲ့ နှလုံးသားကို Chan ခပ်တိုးတိုးကျိန်ဆဲကာ စိတ်ကိုတည်ငြိမ်အောင်သာ ကြိုးစားနေမိတယ်။

သည်းကြီးမည်းကြီးရွာသွန်းနေတဲ့မိုးရေစက်သံတွေသာ ခေတ္တကြီးစိုးသွားပြီးနောက်...

" အေးလို့နေမှာပါ "

Felix ကခပ်တိုးတိုးရေရွတ်ကာ သူ့ကိုယ်ပေါ်ကစောင်ကို Chan ကိုသေချာခြုံပေးပြီးမှ ရင်ခွင်ထဲကိုတိုးဝင်လာလေတယ်။

•°•°•°•

သက်ပြင်းတစ်ခုကိုအတိုးလျဆုံးချပြီးမှ Felix ကိုကြည့်လိုက်တော့ အပူပင်ကင်းစွာအိပ်စက်နေလေရဲ့။
စိတ်ပြေပျောက်လိုပျောက်ငြား ပြတင်းပေါက်ကိုလှမ်းကြည့်မိတော့ ပြတင်းပေါက်မှန်ပေါ်တွင် ခိုတွဲနေသောမိုးရေစက်များက လမ်းမီးရောင်ဝါကျင့်ကျင့်တို့အကူအညီနှင့် တောက်ပလျက်...

" မိုး‌တွေသာရွာမနေခဲ့ရင် ကိုယ့်ရဲ့ရင်ခုန်သံတွေကို မင်းကြားနိုင်မှာ... တစ်ခါတစ်လေမှာ မိုးရေစက်တွေက သိပ်ရက်စက်တယ် "

အတိုးညှင်းဆုံးလေသံဖွဖွလေးဖြင့် Chan ပြောပြီးတဲ့နောက် မြတ်နိုးမှုတွေရောပြွန်းနေတဲ့ အညင်သာဆုံးအနမ်းတစ်ခုကို Felix ရဲ့နဖူးပြင်ပေါ် ခြွေချမိတယ်။
Felix ရဲ့ကိုယ်သင်းနံ့လေးရောယှက်နေတဲ့ ရှန်ပူနံ့လေးဟာ Chan ရဲ့နှုတ်ခမ်းတွေကိုအလိုလျောက်ပြုံးမိစေတယ်။

ဒီအနမ်းလေးတစ်ပွင့်ကပဲ...
အဆုံးမရှိတဲ့မြိုသိပ်နိုင်စွမ်းတွေပေးပါ။

Ice CreamTempat cerita menjadi hidup. Temukan sekarang