" Omma သား သွားတော့မယ် "
မီးဖိုချောင်ထဲမှာညစာပြင်နေတဲ့ omma ကိုခပ်ကျယ်ကျယ်လေး အော်ပြောပြီး အိမ်ပြင်ကိုပြေးထွက်ဖို့အလုပ် omma ရဲ့အသံကြောင့် ခြေလှမ်းတွေကိုရပ်လိုက်မိတယ်။
" မိုးတွေအုံ့နေတယ် channie ရယ်..ဒီနေ့တော့ စက်ဘီးမစီးပါနဲ့တော့လား ခဏနေ မိုးရွာတော့မယ်ထင်တယ် "
Omma ကမီးဖိုချောင်မှခပ်မြန်မြန်ထွက်လာပြီး Chan ရဲ့ခေါင်းလေးကိုခပ်ဖွဖွပုတ်ကာ နားဝင်အောင်ရှင်းပြနေတယ်။
" မိုးရွာရင် သားအမြန်ဆုံးပြန်လာခဲ့ပါမယ်.. မနက်ဖြန်ကျောင်းတက်ရက်မို့ စီးရမှာမဟုတ်ဘူး နော် Omma နော် "
Chan ကချစ်စရာကောင်းတဲ့အပြုံးလေးနဲ့ကပ်ချွဲကာ အမူအရာတွေပါလုပ်ပြနေတာမို့
" မိုးရွာရင်ချက်ခြင်းပြန်လာနော် "
" Yayy!!! "
Omma ရဲ့ခွင့်ပြုချက်ကြောင့် Chan တစ်ယောက် ခုန်ဆွခုန်ဆွလုပ်ကာ အိမ်ရှေ့မှာရှိတဲ့ သူရဲ့လက်စွဲတော်စက်ဘီးလေးကို ဒေါက်ဖြုတ်ပြီး အိမ်ထဲမှခပ်မြန်မြန်ထွက်လာလိုက်တယ်။
လွတ်လပ်ခြင်းဆိုတာ Chan ရဲ့ခုနှစ်နှစ်ပြည့်မွေးနေ့မှာ လက်ဆောင်အဖြစ်ရခဲ့တဲ့ စက်ဘီးလေးကစတယ်။
ဒီစက်ဘီးလေးပေါ်မှာနေရတဲ့အချိန်တွေဟာ သူ့အတွက်ပျော်ရွှင်မှုပဲ။ခပ်ဖြည်းဖြည်းနင်းတဲ့အခါ လေပြေနုတွေကိုထိတွေ့ရတဲ့ခံစားချက်ကို သဘောကျလွန်းတာမို့ စက်ဘီးကိုကျွမ်းကျင်စွာစီးတတ်ပြီးကတည်းက သူ့ရဲ့အားလပ်ချိန်တွေကို ဒီစက်ဘီးလေးပေါ်မှာပဲကုန်ဆုံးဖြစ်တယ်။
လူချမ်းသာရပ်ကွက်လို့ခေါ်ရမယ့် ဆိတ်ငြိမ်အိမ်ရာတစ်ခုတည်းမှာနေရတာမို့ တစ်အိမ်နဲ့တစ်အိမ်မှာ ကွာဝေးပြီး ကစားစရာအဖော်မရှိတာကြောင့်လဲ သူ့ရဲ့တွယ်တာမှုတွေကို စက်ဘီးလေးပေါ်မှာပဲပုံအောထားတာလဲဖြစ်နိုင်တာပဲ။
မကြာခင်ကျလာတော့မယ့် မိုးရေစက်တွေကိုသဘောမကျပေမယ့်လဲ မနက်ဖြန်ကျောင်းဖွင့်ရက်ဖြစ်တာကြောင့် အခွင့်အရေးကိုတော့ လက်လွတ်မခံနိုင်ပါ။
ခဏလေးဖြစ်ဖြစ်တော့စီးရမှ ဖြစ်မယ်ဆိုတဲ့ အတွေးနဲ့ ခပ်မြန်မြန်နင်းလာလိုက်တယ်။

YOU ARE READING
Ice Cream
FanfictionHyung သိလား? ရေခဲမုန့်တွေဟာ ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေစက်တွေကြောင့်လဲ ပျောက်ဆုံးသွားနိုင်တဲ့အကြောင်း... Hyung သိလား? ရေခဲမုန့်တွေက ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေ...