9

441 53 10
                                    

အချစ်ဆိုတာက အမြဲချိုမြိန်အေးမြနိုင်မယ်လို့ထင်ရင်တော့ အဖြေဟာ...
လုံးဝကိုမှားပါတယ်။
အချိန်အများစုမှာ အချစ်ဟာ black coffee တစ်ခွက်လိုပဲ နင့်နေအောင်ခါးတယ်။

Felix's POV

" Felix ကကော်ဖီမကြိုက်ဘူးလား "

Jeong In ကကျွန်တော့်ကိုကြည့်ကာမေးလာတော့ ကျွန်တော့်မှာရေရာတဲ့အဖြေရှိမနေ။
မျက်နှာတစ်ဝိုက်ကိုလာရိုက်ခတ်နေတဲ့ ကော်ဖီငွေ့တွေက အနည်းငယ်နွေးထွေးစေပေမယ့် ချိုအီအီရနံ့က‌ကျွန်တော့်ကိုခေါင်းမူးစေတယ်။
သူကပါစကားပြောနေရင်းနဲ့ကျွန်တော့်ကိုလှမ်းကြည့်လာတော့

" မဟုတ်ပါဘူး ကြိုက်ပါတယ် "

ခုမှတွေ့တဲ့ကျွန်တော့်ကို အားနည်းတဲ့ပုံစံမျိုးနဲ့မမှတ်မိစေချင်တဲ့အတွက် ကျွန်တော်မနှစ်သက်တဲ့ကော်ဖီကိုသောက်ဖို့ပြင်ဆင်လိုက်တယ်။

ကော်ဖီကိုတစ်ခေါက်နှစ်ခေါက်မှုတ်ကာ ခပ်မြန်မြန်သောက်ချမိတော့ လည်ချောင်းကိုဖြတ်ကာပူဆင်းသွားတဲ့ ကော်ဖီခါးခါးတွေဟာ ကျွန်တော့်ရဲ့လျှာကိုပါထုံစေတယ်။

ကော်ဖီကတအားခါးလွန်းတာမို့ မျက်နှာမပျက်အောင်မနည်းထိန်းနေရတဲ့အချိန်မှာ Jeong In ကအပြုံးလေးတစ်ခုနဲ့ပြောလာတယ်။

" Hyung နဲ့ Felix ကိုကြည့်ရတာရင်းနှီးတဲ့ပုံလဲမပေါ်ဘူး "

သူကတော့ သူ့ရှေ့ကကော်ဖီကိုဟန်ပါပါသောက်ကာ ကျွန်တော်မမေ့နိုင်ခဲ့တဲ့မြင်ကွင်းလေးကို အသေးစိတ်ရှင်းပြနေတော့ ကျွန်တော့်ရင်တွေခုန်လာပြန်တယ်။
ကျွန်တော့်စိတ်ကပဲထင်တာလားမသိ...
ရှင်းပြနေတဲ့အချိန် သူ့ရဲ့မျက်ဝန်းတွေဟာ အရင်ကထက်ပိုတောက်ပနေသလိုပဲ။

* မမောနိုင်သေးဘူးလား နှလုံးသားရယ် *

ရင်ခုန်တာပျောက်လိုပျောက်ငြား ကော်ဖီခါးခါးတွေကိုအတင်းမြိုချကာ ငြိမ်ပြီးနားထောင်နေမိတယ်။

" အော် အဲ့လို... "

ခေါင်းတငြိမ့်ငြိမ့်နဲ့ Jeong In ကိုတစ်ချက်ကြည့်ပြီးနောက် ကျွန်တော့်ကိုစိုက်ကြည့်လာတော့ ကျွန်တော်ဘာလုပ်ရမှန်းမသိဘဲ ကော်ဖီနောက်တစ်ငုံသောက်လိုက်မိပြန်တယ်။
ဒီလိုဆိုတော့လဲ ကော်ဖီခါးခါးရဲ့အရသာဟာ သူ့ရဲ့အကြည့်လောက်မစူးရှတော့သလိုပဲ။

Ice CreamOnde histórias criam vida. Descubra agora