Chan's POV.
ဒီနေ့လဲမိုးတွေရွာနေပြန်တယ်။ စိုထိုင်းထိုင်းရာသီဥတုကို ကျွန်တော်ကမကြိုက်ပေမယ့် Felix ကတော့ မိုးရေစက်လေးတွေကို မြတ်နိုးတဲ့အကြည့်တွေနဲ့ ကြည့်လေ့ရှိတယ်။
မိုးရေစက်လေးတွေကပဲ ကျွန်တော်တို့နှစ်ယောက်ကိုတွေ့ဆုံစေခဲ့တာလို့ အမြဲတစေပြောလေ့ရှိပြီး ကျွန်တော်က ' ရေခဲမုန့်ကြောင့် မဟုတ်ဘူးလား ' လို့ပြန်မေးလိုက်တိုင်း အသံတိတ်သွားတတ်တယ်။
Felix ဟာသူသဘောကျတဲ့အရာနှစ်ခုယှဉ်လာတိုင်း ဘယ်တော့မှမရွေးချယ်ဘဲ တိတ်ဆိတ်သွားတတ်တာချည်း...
•°•°•°•°•°•
" ရာသီဥတု အေးတယ်နော် Lix . ရေခဲမုန့်တွေအရမ်းစားမနေနဲ့ လည်ချောင်းမနာဘူးလား ဒီလောက်စားနေတာ "
Felix ကကျွန်တော်ပြောတာကို မကြားချင်ယောင်ဆောင်ကာ ရေခဲသေတ္တာထဲက ရေခဲမုန့်ဘူးအကြီးကြီးကိုဖွင့်ပြီး ဇွန်းနဲ့အရသာခံခပ်စားပြနေတယ်။
" ကလေးလဲမဟုတ်တော့ဘူးနော် ခိုးကြောင်ခိုးဝှက်လုပ်ရအောင် "
ရေခဲမုန့်ဘူးအား အိမ်အပေါ်ထပ်ကိုယူပြေးဖို့ကြံနေတဲ့ Felix ကိုခပ်ဆတ်ဆတ်လေးဟောက်လိုက်တော့မှ...
" Hyung ကလဲ ကျွန်တော်သိပ်မစားရသေးပါဘူး "
" အေးလေ ဒီနေ့ရေခဲမုန့်ဘူးအကြီးမစားဘူးလေ အသေးလေးနှစ်ခွက်သွားဝယ်စားတယ်မလား "
ထိုအခါမှ သွားလေးဖြီးကာကျွန်တော့်အားတွယ်ကပ်လာလေတယ်။
" ဟီး Hyung ကလဲ...Hyung ရဲ့ပိုက်ဆံတွေကုန်မှာစိုးလို့ ကျွန်တော်က ကိုယ့်ဒူး ကိုယ်ချွန် ပြီး သွားဝယ်စားလိုက်တဲ့သဘောပါ "
ဒီလိုစပ်ဖြီးဖြီးလေးပြောလာပြန်တော့လဲ စိတ်မဆိုးရက်တော့..
Felix ရဲ့ ကိုယ်တွင်းအင်္ဂါတွေဘယ်လိုအလုပ်လုပ်လဲတော့ ကျွန်တော်မသိပါ။
သာမန်လူတွေထက် ရေခဲမုန့်တွေအများကြီးပိုစားနေပေမယ့် ချောင်းဆိုးတာဘာညာမဖြစ်။
သို့ပေမယ့်လဲ ကြာရှည်ဆိုမကောင်းမှာ သေချာတာမို့ တားနိုင်သလောက်တားလဲ Felix ကတော့ တစ်နည်းမဟုတ် တစ်နည်းနဲ့ရအောင်စားတာပါပဲ။

YOU ARE READING
Ice Cream
FanfictionHyung သိလား? ရေခဲမုန့်တွေဟာ ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေစက်တွေကြောင့်လဲ ပျောက်ဆုံးသွားနိုင်တဲ့အကြောင်း... Hyung သိလား? ရေခဲမုန့်တွေက ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေ...