11

682 58 17
                                    

စကားလုံးအသုံးအနှုန်းလေးတွေအနည်းငယ်ကြမ်းတာကိုခွင့်လွှတ်ပေးကြပါနော်။
အဲ့တာမှပဲ ဇာတ်ကောင်နဲ့ကွက်တိကျမယ်ထင်မိလို့ပါ။

Hyunjin's POV

လှုပ်ရှားသွားလာနေကြတဲ့အသံတွေဟာ နားထဲမှာကြားတစ်ချက် မကြားတစ်ချက်..
နေရောင်ခြည်ဖျော့တို့ဟာလဲ တစ်စတစ်စနဲ့ပျောက်ကွယ်လုနီးနီး..
ကျွန်တော့်ရဲ့စိတ်‌တွေကတော့ Kim Seungmin ရဲ့အိစက်နေတဲ့နှုတ်ခမ်းတွေပေါ်မှာ..
ခပ်ဖြည်းဖြည်းချင်းရွေ့လျားနေတဲ့သူ့ရဲ့နှုတ်ခမ်းသားတွေဟာ ကိုက်ဖဲ့သွားချင်လောက်အောင်အရသာရှိနေတယ်။
ဒါပေမယ့်..

သတိရလိုက်တဲ့အချိန် ကျွန်တော့်ရဲ့လက်တွေဟာ သူ့ကိုတွန်းထုတ်မိနေပြီ။
ဒီလိုကျတော့လဲ ကျွန်တော့်ရဲ့ဟန်ဆောင်နိုင်စွမ်းက မင်းသားရှုံးပါတယ်။
သတိမထားမိခင်မှာပဲ သူ့ကိုတစ်ချက်စိုက်ကြည့်ကာ အားမပါတဲ့မဲ့ပြုံးတစ်ခုကိုဖန်တီးပြီးပြီ။

ဝမ်းနည်းမှုတွေနဲ့အလိုမကျခြင်းတွေပြည့်နှက်နေတဲ့သူ့ရဲ့မျက်ဝန်းတွေဟာ ဒေါသရောင်တောက်လို့နေတယ်။
ဒီလိုပဲဖြစ်သင့်တာပဲလေ..
ဒီလိုဖြစ်အောင်ပဲ ကျွန်‌တော်မရမကလုပ်ယူခဲ့တာမလား။

ဘာမှမဖြစ်သလို ဖုန်ခါပြီးထလိုက်ကာ စကားတစ်ခွန်းမှမပြောပဲ ထိုနေရာမှထွက်လာခဲ့လိုက်တယ်။
ကျွန်တော့်ရဲ့ခွေးပေါက်လေးအား ခွေယိုင်လဲသွားထဲအထိ နမ်းပစ်လိုက်ချင်ပေမယ့်...

°•°•°•°•

ဘဝဆိုတာဟာ အမြဲပြည့်စုံမနေနိုင်ပေမယ့်
အမြဲတမ်းလဲ စုတ်ပြတ်သတ်နေစရာမလိုဘူးမလား?

ကျွန်တော့်ရဲ့ဘဝဟာ တန်ဖိုးမရှိတဲ့သုညကနေစကာ ထပ်တိုးမလာတော့...
ထပ်ပေါင်းထည့်ပေးမယ့်သူမရှိ...
သုညကသုညဖြစ်နေဆဲပင်။

ကျွန်တော့်ဘဝရဲ့သုံးပုံတစ်ပုံလောက်ကို တိုက်ခေါင်မိုးထပ်တွေပေါ်မှာ ကုန်ဆုံးဖြစ်တာများတယ်။
ခေါင်မိုးရဲ့‌ဘောင်အစွန်အဖျားမှာရပ်ကာ 
ကိုယ်ကိုရှေ့တိုးနောက်ဆုတ်လုပ်ရတာကိုလဲသဘောကျတယ်။
ဘဝနဲ့ရင်းရတဲ့ကစားပွဲတွေဟာ ပိုအရသာရှိသလိုပဲ ကျွန်တော့်ရဲ့ခြေတစ်လှမ်းဟာလဲ အဓိပ္ပါယ်မရှိတဲ့ဘဝကြီးရဲ့ အဆုံးသတ်ဖြစ်နေတယ်ဆိုတဲ့ခံစားချက်က ကျွန်တော့်ကိုရင်ခုန်စေတယ်။

Has llegado al final de las partes publicadas.

⏰ Última actualización: Jun 06, 2021 ⏰

¡Añade esta historia a tu biblioteca para recibir notificaciones sobre nuevas partes!

Ice CreamDonde viven las historias. Descúbrelo ahora