Chan ကျောင်းရှေ့ကိုထွက်လာတော့လည်ပင်းလေးဆန့်ကာ ဟိုကြည့်ဒီကြည့်လုပ်နေတဲ့ Felix ကိုတွေ့လိုက်ရတာမို့
" Felix "
အနားကပ်ကာခေါ်လိုက်တော့ အတော်လန့်သွားပုံပေါက်တယ်။
" ဘယ်သူ့ကိုရှာနေတာတုန်း "
" အဲ.. ဟို အဲ့တာ... အင်း "
ချောမွေ့စွာထွက်မလာတဲ့စကားတွေကို အရှုံးပေးသလိုမျက်နှာလေးနဲ့ Felix ဟာလက်ထဲကထီးနက်လေးကိုသာမြှောက်ပြလာတယ်။
" အိမ်ပြန်ကြမယ် "
စိတ်ထဲအလိုမကျတော့တာမို့ Felix လက်ကိုဆွဲကာ အိမ်ပြန်လမ်းအတိုင်းလျှောက်လာခဲ့တယ်။
Felix လက်ပြပြီးအိမ်ထဲဝင်သွားမှ အတင်းဆွဲဆန့်ထားတဲ့အကြောတွေကိုဖြေလျော့လိုက်တဲ့အခါ Chan ရဲ့အပြုံးတွေလဲပျောက်ကွယ်သွားရတယ်။
ရက်အနည်းငယ်ကြာရင်မေ့သွားမှာ လို့ သူတွေးခဲ့တဲ့ခပ်ပေါ့ပေါ့အတွေးတွေဟာ အစွဲအလမ်းကြီးလွန်းတဲ့ Felix အတွက် အရာမထင်ခဲ့။
ခြေလှမ်းတွေကခဲဆွဲထားသလိုလေးလံကာ အရင်ကသဘောတကျကြည့်ခဲ့ရတဲ့ နေဝင်ရီတရောမြင်ကွင်းကတောင် ပျင်းစရာကောင်းနေတယ်။
နားထဲမှာကြားနေရတဲ့သီချင်းသံတွေဟာလဲ ဆူညံသံသက်သက်သာ။••••••••
" Channie Hyung "
များစွာသောအတွေးတွေကြားထဲ တစ်မှေးအိပ်ပျော်သွားရင်း Felix ရဲ့အသံကြားတော့ခုန်ထလိုက်မိတယ်။
တံခါးကိုဖွင့်လိုက်တော့ ဆံပင်ထိပ်စည်းလေးနဲ့ Felix ဟာအရင်ကထက်ပိုသေးကွေးကာချစ်စရာကောင်းနေတယ်။
အစဉ်အလာမပြတ် ရေခဲမုန့်ဘူးကိုကိုင်ကာ အခန်းထဲကိုဇွတ်ဝင်လာပြီးထိုင်နေကျနေရာလေးမှာထိုင်ကာ Chan ကိုမော့ကြည့်နေတယ်။" အိပ်နေတာလား ဒီအချိန်ကြီး "
ညနေဘက်တော်ရုံမအိပ်တတ်တဲ့သူမို့ Felix ကရေခဲမုန့်ဘူးကြီးကိုအားတက်သရောဖွင့်ကာ တအံ့တဩမေးလာတယ်။
Chan ဘက်ကအဖြေမလာတာကြောင့် Felix မော့ကြည့်လိုက်တော့ သူ့ကိုငေးစိုက်ကြည့်နေတဲ့ မျက်လုံးများကြောင့်ကြက်သိမ်းများပင်ထသွားရတယ်။

أنت تقرأ
Ice Cream
أدب الهواةHyung သိလား? ရေခဲမုန့်တွေဟာ ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေစက်တွေကြောင့်လဲ ပျောက်ဆုံးသွားနိုင်တဲ့အကြောင်း... Hyung သိလား? ရေခဲမုန့်တွေက ပူနွေးတဲ့နေရောင်ခြည်အောက်မှာတင် အရည်ပျော်တာမဟုတ်ဘဲ အေးစိမ့်စိမ့် မိုးရေ...