2

478 61 21
                                    

" အား ... ပျင်းလိုက်တာ "

ရှေ့မှာချထားတဲ့စာအုပ်ထဲက သင်္ချာပုစ္ဆာတွေကို
ရန်ဆောင်နေတဲ့ Felix ကို Chan ပြုံးကြည့်နေမိတယ်။

" ဟေး မင်းကို ဘယ်သူရပ်ခိုင်းလို့လဲ တွက်တာမှ နှစ်ပုဒ်မပြည့်သေးဘူး "

ပြုံးမိနေတဲ့နှုတ်ခမ်းကို အတင်းဆွဲစိကာ ပျင်းကြောဆန့်နေတဲ့ Felix ကိုခပ်ကျယ်ကျယ်လေးအော်လိုက်ရတယ်။

" နှစ်ပုဒ်ပြည့်ပါတယ် Hyung ရာ "

Felix ကမျက်နှာလေး စူပုတ်ကာ ပြန်ပြောလာတော့

" နှစ်ပုဒ်လုံးမှန်လို့လား။ တစ်ပုဒ်ကလုံးဝမှားတယ်။ ကျန်တဲ့တစ်ပုဒ်ကျတော့ အလွတ်ကျက်ထားသလို အဖြေတန်းရေးတယ်လေ ဂဏန်းပြောင်းထားတာမတွေ့ဘူးမလား "

" ဟီး ဟီး "

" ဟီး ဟီး လုပ်မနေနဲ့ စာမေးပွဲကကပ်နေပြီ အလကားနေ ရေခဲမုန့်ပဲဝယ်ကျွေးခိုင်းနေ စာကျတော့ကောင်းကောင်းမလုပ်ဘဲနဲ့ "

အားရပါးရပြောနေပြီးမှ သတိရကာ Felix ကိုကြည့်လိုက်မိတော့ မျက်နှာငယ်လေးနဲ့ကျုံ့ကျုံ့လေးထိုင်နှင့်နေပြီ။
သူ့ရဲ့ ခပ်မာမာလေသံကို Felix အခုထိအသားမကျသေးပါ။ နည်းနည်းလေးဖိဆူလိုက်တိုင်း မျက်နှာက ချက်ခြင်းကို ညှိုးကျသွားကာ ဘာစကားမှမပြောတော့တာ Felix ရဲ့အကျင့်...
စိတ်ဆိုးသွားတာမဟုတ်...
စိတ်ကောက်သွားတာလဲမဟုတ်ဘဲ ချက်ခြင်းငြိမ်ကျသွားတာ...

" အဲ့လိုမျက်နှာလုပ်ပြန်ပြီ။ Hyung ကဆူချင်လို့ဆူနေတာမဟုတ်ဘူးလေကွာ ဒီလိုပုံစံအတိုင်းဆက်သွားရင် စာမေးပွဲမှာအဆင်ပြေမှာမဟုတ်ဘူး။ အဲ့ကျရင် Omma လဲဘယ်စိတ်ကောင်းမလဲ "

" ဟုတ် "

" ကဲ အဲ့တာဆို သေချာလုပ်..မရှင်းရင်ပြန်မေး Hyung အစကနေပြန်ရှင်းပြပေးလို့ရတယ်။ အကုန်မှန်ရင် ရေခဲမုန့်ဝယ်ကျွေးမယ် "

စကားမဆုံးသေးပေမယ့် Felix ရဲ့မျက်နှာလေးက ရေခဲမုန့်ဆိုတဲ့အသံကြောင့် ပြန်လန်းလာကာ စာရွက်တွေကိုဟိုလှန်ဒီလှန်လုပ်နေပြီ။

Chan ခေါင်းကိုခပ်ဖွဖွခါလိုက်မိတယ်။
Felix ရဲ့ဘဝမှာ သူမငြီးငွေ့တာဆိုလို့ ရေခဲမုန့်ပဲရှိမယ်ထင်တယ်။

Ice CreamWhere stories live. Discover now