PASSWORD - 1

10K 1.1K 45
                                    

Unicode

2008ခုနှစ် ၊ဆိုးလ်မြို့

ပုံမှန်နေ့ရက်တွေထက် အအေးဓာတ်ပိုကာ
နှင်းတွေခပ်ဖွဲဖွဲကျဆင်းနေတဲ့ ဆိုးလ်ရဲ့ ဆောင်းညတစ်ည။သူငယ်ချင်းဖြစ်သူ၏
ကုမ္ပဏီနှစ်ပတ်လည်နေ့ ညစာစားပွဲကို
တက်ရောက်ဖြစ်ခဲ့သည်မို့ ဂျောင်ကုရဲ့အိမ်
ပြန်ချိန်ကအတော်လေးနောက်ကျနေပြီ။

နှင်းကျနေသည်မို့ ကားကိုပုံမှန်အမြန်နှုန်းနဲ့ မောင်းလာရာမှ အရှေ့ဘက်ကနေ
ကားတားနေကြသည့် လူငယ်လေးအုပ်စု
ကြောင့် အရှိန်ကိုလျှော့ချလိုက်ရသည်။

ထိုကောင်လေးတွေကို အနည်းငယ်ကျော်ပြီး
မှ ရပ်လိုက်သည်နှင့်တပြိုင်နက် တစ်ယောက်
ကကားနားကို အပြေးလေးရောက်လာသည်။
ကားမှန်ကိုချကာ ဘာလဲဟူသည့်သဘောနှင့်
မေးငေါ့ပြတော့ ထိုကောင်လေးက တောင်း
တောင်းပန်ပန်နှင့်ဆိုသည်။

"အစ်ကိုရေ... ကျွန်တော်တို့သူငယ်ချင်း
နေမကောင်းဖြစ်နေတာ... ဆေးရုံသွားချင်လို့
ကားတွေလဲ တစ်စီးမှတားမရလို့ပါ..."

နောက်ကြည့်မှန်ထဲကတစ်ဆင့် လှမ်းကြည့်
လိုက်တော့ ခပ်လှမ်းလှမ်းမှာ ကျန်နေခဲ့သည့်
ကောင်လေးတစ်ယောက်က နေမကောင်းဖြစ်
နေတယ်ထင်ရသည့် တစ်ယောက်ကို ကုန်းပိုး
ထားသည်။နာရီကိုငုံ့ကြည့်မိတော့ ည ၁၁ နာရီကျော်နေပြီ။

"ပါပါး ပြန်လာမှ အိပ်မှာနော်"

ဆိုသည့် သမီးငယ်ရဲ့ အသံကိုကြားယောင်
မိကာ ဝေခွဲမရဖြစ်နေပေမဲ့ ရှိခိုးတော့မလို
တောင်းပန်နေသည့်ကောင်လေးကိုကြည့်ပြီး
စိတ်က တစ်မျိုးပြောင်းသွားသည်။

"ကဲ... လာကြကွာ"

"ဟုတ် ဟုတ် ကျေးဇူးပါအစ်ကို"

အနောက်က သူ့သူငယ်ချင်းတွေဆီ ပြန်ပြေး
ကာ ခေါ်လာပြီးနောက် ထိုကောင်လေး ၃
ယောက်က အနောက်ခန်းမှာ အတွဲလိုက်လေး
ထိုင်ပြီး ဂျောင်ကုကားပေါ်ပါလာကြသည်။

နေမကောင်းဖြစ်နေသည့်တစ်ယောက်ကို
အလယ်မှာညှပ်ထားကြကာ အတော်လေးစိုး
ရိမ်နေသည့်ဟန်။

"ချမ်း...ချမ်းတယ်"

အလယ်က ကောင်လေးဆီက အသံသဲ့သဲ့
ထွက်လာတော့ ဂျောင်ကုက အပူပေးစက်
ရဲ့ အပူချိန်ကိုအနည်းငယ်မြှင့်လိုက်သည်။

PASSWORDWhere stories live. Discover now