Unicode
Berryခရီးသွားနေတဲ့ ရက်သတ္တပတ်တွေမှာ
ဂျောင်ကုတစ်ယောက် လွတ်လပ်ရေးရနေ
ကာ အလုပ်ဘက်ကိုခြေဦးလှည့်ဖို့ပင် မစဉ်းမိ
တော့။ "အလုပ်တွေက အိမ်ကနေလုပ်လဲရပါ
တယ်"ဆိုပြီး ဂျီမင်းဆီမှာခွင့်တောင်းတော့
ဂျီမင်းက Berryတို့ပါပါးသဘော ဟူ၍ခွင့်ပြု
ပေးခဲ့သည်။"အလုပ်မသွားချင်တာမဟုတ်ပါဘူး...ဦးငယ်လေးပျင်းနေမှာစိုးလို့ ကိုယ်က"
ဦးငယ်လေးက Amsterdamရဲ့ အမြဲလိုလို
စိမ့်စိမ့်လေးဖြစ်နေတတ်တဲ့ ရာသီဉတုကိုပဲ
သဘောကျလေသလားမပြောတတ်။
မနက်ခင်းဆို ၉ နာရီလောက်အထိ စောင်ပုံ
လေးထဲမှာ ကွေးနေတတ်သည်။သူကတော့ အိပ်ရာစောစောထတတ်သူမို့
ဂျီမင်းနိုးတာနှင့်စားဖို့သောက်ဖို့အဆင်သင့်
ဖြစ်အောင် ပြင်ဆင်ပေးပြီး လှမ်းပို့လာတဲ့
စာရွက်စာတမ်းတေွ စစ်လိုက်ဆေးလိုက်နှင့်
အချိန်ကုန်သွားတတ်သည်။၉နာရီကျော်တော့ ဦးငယ်လေးနိုးလာပြီ။
စာကြည့်စားပွဲမှာအလုပ်လုပ်နေတဲ့သူ့ကို
လာပြီးနမ်းသွားကာ ကိုယ်လက်သန့်စင်ဖို့
ရေချိုးခန်းထဲဝင်သွားသည်။ပြီးနောက်မီးဖိုခန်းထဲက ကော်ဖီခွက်လေးကိုယူလာကာ
သူ့အနားပြန်ရောက်လာသည်။"ထိုင်မယ်နော်"
ထိုင်မယ်နော်ဆိုပြီးခွင့်တောင်းကာ ထိုင်ချလိုက်တာက သူ့ပေါင်ပေါ်ကို။ ဦးငယ်လေးရဲ့
အကွက်တွေကို တစ်ခါတစ်ခါသူလိုက်လို့မမှီ။
အိပ်ရေးဝနေကြောင်းသိသာစေတဲ့ မျက်လုံး
အစ်အစ်လေးနဲ့ ရောက်ခါစကထက် ပိုပြီး
ပြည့်လာတဲ့ ပါးမို့လေးတွေ။"ဘာလိုချင်လို့လဲ ထူးထူးဆန်းဆန်းတွေ
လာချွဲနေတာက""Berryက ကြွားသွားသေးတယ်"
"အင်း...ဘာတွေကြွားသွားပြန်လဲ အဲ့ကလေး
မလေး""သူ့ပါပါးက Amsterdamက ပျိုတိုင်းကြိုက်
တဲ့နှင်းဆီခိုင်တဲ့...အဲ့ဒါ သေသေချာချာလေး
ချွဲပြီးတော့ ဆွဲထားတဲ့"ဒီတစ်ခါတော့ Berry ငကြွားမလေးရဲ့ အကြွားသန်မှုသည် သူ့အတွက်တော်တော်
အဆင်ပြေသွားသည်။
