PASSWORD - 6

6K 913 51
                                    

Unicode

Berryတို့အဖေသည် ဒီရက်ပိုင်းတွေမှာ သိပ်ပြီးစိတ်မကြည်လင်...။ ကောင်လေးတစ်ယောက် ဂျီမင်းကိုလာကြိုပေးနေတာ ၃ရက်
၄ရက်ရှိပြီ။

တော်တော်လေးရင်းနှီးကြပုံပေါ်ကာ အိမ်ပြန်ချိန်တိုင်း ဂျီမင်းက ထိုကောင်လေးရဲ့ ဆိုင်ကယ်အနောက်ကနေ ထိုင်ကာလိုက်သွားတတ်သည်။ သူ့ရင်ကို မီးနဲ့မြှိုက်နေတဲ့ညနေခင်းတွေ...။

ဘယ်လောက်တောင် ခံရခက်တဲ့ဒုက္ခတွေလဲ။
တားမြစ်ပိုင်ခွင့်မရှိ... အပြစ်တင်ခွင့်မရှိ...
နှမြောတသခွင့်မရှိ... ငေးကြည့်နေရင်း ရင်နာခွင့်သာရှိသည်။လာကြိုပေးတဲ့ကောင်လေးကိုလဲ မနာလိုဖြစ်မိသည်။ ပြန်ခါနီးတိုင်း
နှုတ်ဆက်တတ်တဲ့ ကောင်လေးကိုလဲ စိတ်တွေဆိုးမိသည်။

သူ့ကိုယ်သူလဲ စက်ဆုပ်မိသည်။ မင်းနဲ့သူက
ဘာမှမဆိုင်ဘူးလို့ ကိုယ့်ကိုယ်ကိုယ်သတိတွေ ထပ်ကာထပ်ကာပေးမိသော်လည်း အချည်းနှီးသာ...။ဖခင်ကောင်းတစ်ယောက်မ
ပီသနိုင်ဘဲနှင့် ဟေရီ့အရှေ့မှာ အသံကောင်း
တွေဟစ်ခဲ့မိသည်။

ရှေ့ဆက်မတိုးဖြစ်ပေမဲ့ စားလဲဒီစိတ် သွားလဲ
ဒီစိတ်နှင့်မို့ Berryလေးရဲ့မျက်နှာကိုတောင်
ရဲရဲဝံ့ဝံ့မကြည့်နိုင်တဲ့ရက်တွေလဲများလာခဲ့ပြီ။

"ဒေါ်လေး... သမီးနဲ့ခဏနေပေးဦးနော်။
ကျွန်တော်အပြင်သွားလိုက်ဦးမယ်"

"အေး အေး"

အလုပ်ကပြန်လာပြီးလျှင် တော်ရုံတော့ ညဘက်အပြင်မထွက်တတ်သည့်ဂျောင်ကုမို့
ဒေါ်လေးက တစ်ခုခုမေးကြည့်ချင်ပေမဲ့ စိတ်ရှုပ်စရာတစ်ခုခုရှိနေသည့်ဟန် မျက်နှာမကောင်းသည့် ဂျောင်ကုကိုကြည့်ပြီး ဘာမှ
မမေးမိလိုက်။

"စိတ်ချလက်ချသွားနော်
ဒေါ်လေးစောင့်နေပေးမယ်"

"ဟုတ်"

လွန်ခဲ့တဲ့ ၃ နှစ်ကလိုပဲ...ဒီတစ်ညတော့
သူ့ကိုယ်သူ စိတ်ဖြေစရာတစ်ခုပေးလိုက်သင့်သည်။စိတ်ရှုပ်ထွေးစရာတွေရှိနေတတ်ပေမဲ့ သမီးရှိလာပြီးထဲက အရက်သောက်ပြီးစိတ်
ထွက်ပေါက်ရှာတာမျိုးကိုမလုပ်ဖြစ်တော့။
ဒီတစ်ညတော့ မူးနေမှရမည်။ ရင်ဖွင့်စရာလူ
မရှိ...သက်ဆိုင်သူဆီသို့လဲ ဝန်ခံဖို့ရာ မဖြစ်နိုင်။ဒီအစိုင်အခဲတွေကို သူတစ်ယောက်ထဲ သယ်ပိုးထားရတာသိပ်ကိုပင်ပန်းနေပြီမို့...။

PASSWORDWhere stories live. Discover now